ဒရမ်မာဇာတ်ကားနဲ့ အနုပညာလောကထဲကိုဝင်ရောက်ခဲ့ပေမယ့် လက်ရှိမှာတော့ ပရိသတ်တွေက ဟာသမှ ဟာသဖြစ်နေတဲ့ မင်းသားတစ်လက်ကတော့ မိုးအောင်ရင်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်သူနဲ့အဆင်ပြေနေပေမယ့် မိုးအောင်ရင်ရဲ့ မင်္ဂလာသတင်းကတော့ ကြားရဖို့အဝေးကြီးလိုသေးတယ်လို့ ဖွင့်ဟသွားတာမို့ အချစ်ကြောင်းမေးရင်ငယ်သေးတယ်၊ ဖြေရတာရှက်တယ်လို့နောက်လေ့ရှိတဲ့ မိုးအောင်ရင်နဲ့ ဆုံတွေ့ချိန်မှာ မေးမြန်းဖြစ်ခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
-အခုရိုက်နေတဲ့ ကားလေးက။
ကားနာမည်က ခမည်းခမက် FC တဲ့။ မင်းသမီးက သင်ဇာဝင့်ကျော်နဲ့ပါ။ ဒါရိုက်တာက ကိုပြည်ဟိန်းသီဟပေါ့။
-ဘယ်လိုအဓိပ္ပါယ်နဲ့များပေးခဲ့တာလဲ။
ကျွန်တော့်ယောက္ခမကလဲ ဘောလုံးဝါသနာပါတယ်။ ကျွန်တော်အဖေကလဲ ဘောလုံးဝါသနာပါတယ။် ဒါပေမဲ့ အားပေးတဲ့ အသင်းကမတူကြဘူး။ အရမ်းရန်ဖြစ်ကြတယ်။ သူတို့နှစ်ယောက်ရန်ဖြစ်နေတာနဲ့ပဲ သားသမီးနှစ်ယောက်ကို သဘောမတူတဲ့ ပုံစံမျိုးပေါ့။
-ဘယ်တော့လောက်မှာလူပျိုဘ၀က ကျွတ်မလဲ။
မစဉ်းစားထားသေးပါဘူး။ ဆောက်ဖြစ်မှ ကျောင်းတကာပေါ့နော်။ အဲလိုမေးတော့ရှက်တယ်ဗျ။ (ရယ်လျက်)
-အခုနောက်ပိုင်းမှာ ဒရမ်မာကားတွေအရိုက်နည်းသွားခြင်းကရော ဘာကြောင့်လို့ထင်လဲ။
အဲဒါကလေ ရှေ့မှာ ရုံတင်ကားတွေအကုန်လုံးက ဟာသတွေကြီးပဲဖြစ်တဲ့အတွက် မိုးအောင်ရင်ကို ဒရမ်မာနဲ့မမြင်ကြတော့ဘဲ ဟာသနဲ့ပဲမြင်နေကြတယ်။ မိုးအောင်ရင်ဆို ပရိသတ်တော်တော်များများက ဒရမ်မာနဲ့မမြင်ကြတော့ဘဲ ဟာသနဲ့ပဲမြင်နေကြတဲ့အတွက် ဟာသကားတွေပဲရိုက်ဖြစ်တာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို မင်းကား ထွက်ရင်ဟာသကားဆို ငါ့ကိုပေးဆိုပြီး အမြဲပြောတယ်။ ဒရမ်မာဆို လုံးဝမကြည့်ချင်ကြဘူး။ လူကိုယ်တိုင်ကလဲ အပြင်မှာပေါတောတောနေတာဆိုတော့ ဟာသကားနဲ့ ပိုလိုက်နေတယ်လို့ပဲမြင်မိပါတယ်။
-အစ်ကို့ကားတွေဆို အထွက်ကျဲတယ်လို့ တချို့ပရိသတ်တွေဆီကပြန်ကြားရတယ်။
အကြောင်းအရင်းက ကျွန်တော်ရှေ့မှာတုန်းက တစ်လကိုတစ်ကားပဲရိုက်တယ်။ ရိုက်တဲ့တစ်ကားမှာမှ အခွေငှားဆိုင်တွေက ပေါက်တဲ့ကားလောက်ပဲဦးစားပေးဝယ်တဲ့အတွက် ကြားထဲမှာကျွန်တော်ကားတွေ အထွက်ကျဲသလိုဖြစ်နေတာပါ။
-အဲဒီအပေါ်မှာ ထူးခြားပြီးခံစားရတာမျိုးရောရှိလား။
အဲလိုတော့မရှိပါဘူး။ အဓိက ကဘာလဲဆိုတော့ ခေတ်မကောင်းသေးတဲ့ အချိန်ဖြစ်တာကတစ်ကြောင်း၊ ဈေးကွက်အခက်အခဲတွေလဲရှိတဲ့အတွက် ဒီလိုဖြစ်တဲ့အပေါ်မှာ ခံစားချက်သိပ်မထားဖြစ်ဘူး။ အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင်ပဲနေပါတယ်။
-အစ်ကို့ရဲ့ ပ၇ိသတ်ကြီးကို ပြောချင်တာလေးများရှိရင်။
ပရိသတ်ကြီးကို အရင်ဆုံးကျွန်တော့ကို အားပေးနေတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ယောက်တည်းနေရတဲ့အတွက် အမှားတွေလဲရှိခဲ့ပါတယ်။ အဲဒါတွေကိုနားလည်ခွင့်လွှတ်ပြီး အားပေးနေတဲ့အတွက်အတိုင်းမသိပျော်ခဲ့ပါတယ်။ ပရိသတ်ကြီးရဲ့ အားပေးမှုတွေအတွက် ရှေ့ဆက်ပြီး ကြိုးစားသွားဖို့ပဲရှိပါတယ်။