ဖီလစ်ပိုင်လက်ဝှေ့ကျော် မန်နီပတ်ကွီအိုမှာ လာမည့်နိုဝင်ဘာလ(၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ၊ မကာအို မြို့တွင် အမေရိကန်လက်ဝှေ့သမား ဘရန်ဒန်ရီးရော့စ်နှင့် ထိုးသတ်ရန်စီစဉ်ထားသော လစ်လပ်လျက်ရှိသည့် WBO လိုက်ဝယ်လ်တာဝိတ်ချန်ပီယံဆုလုပွဲအတွက်အသည်းအသန်ပင်လေ့ကျင့်လျက်ရှိသည်။ ပတ်ကွီအိုမှာ ၂၀၁၂ခု နှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့က အမေရိကန်နိုင်ငံ၊ လာ့စ်ဗီးဂတ်စ်မြို့ရှိ MGM Grand အားကစားရုံအတွင်း မက္က ဆီကိုနိုင်ငံသား ဂျူအန်မန်နူရယ်မားကွက်ဇ်နှင့် ထိုးသတ်ခဲ့ရာတွင် အလဲထိုးခံရကာ ရှုံးနိမ့်ထားခဲ့သည်။ ထိုပွဲမ တိုင်ခင် WBO ၀ယ်လ်တာဝိတ်တန်းချန်ပီယံရွှေခါးပတ်ကာကွယ်ပွဲအဖြစ် အမေရိကန်လက်ဝှေ့သမား တင်မိုသီ ဘရတ်ဒလေနှင့် ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်ကပ်ရှုံးခဲ့သေးရာ နောက်ဆုံး(၂)ပွဲဆက် အရေးနိမ့်ထားခဲ့သည်ကို တွေ့နိုင်သည်။ ထို့ကြောင့်လည်း ယခုထိုးသတ်ရမည့် လိုက်ဝယ်လ်တာဝိတ်တန်းရွှေခါးပတ်ဆုအတွက် အနိုင် ရရန်အထူးပင် လေ့ကျင့်နေရခြင်းဖြစ်သည်။
“ အခုပွဲအတွက် လေ့ကျင့်နေတဲ့ ပြင်ဆင်မှုတွေဟာ ကျွန်တော့ လက်ဝှေ့သမားသက်တမ်းမှာ အရှည်ကြားဆုံး လို့ထင်ပါတယ်။ အခုလိုစောစောစီးစီးလေ့ကျင့်နေရခြင်းဟာ ထိပ်တန်းအဆင့်မှာ ထိုးသတ်နိုင်ဆဲဖြစ်တယဆို တာကို ပြသနိုင်ဖို့ပါ။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အသက်(၂၀)အရွယ်ချာတိတ်လေးတစ်ယောက်လို့တောင်ထင် နေမိတယ်ဗျာ”ဟု အသက်(၃၅)နှစ်အရွယ် ပတ်ကွီအိုကပြောခဲ့သည်။ ယခုပွဲမှာ ပတ်ကွီအိုအတွက် တရုတ်နိုင် ငံဆီသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ထိုးသတ်ရခြင်းလည်းဖြစ်သည်။