ကိုယ်ပိုင်ဒီဇိုင်းထွင်ထားတဲ့ ထီးလေး ဆောင်းကြည့်ကြမလား

image.jpg

မိုးရာသီမှာ ကိုယ်ပိုင်ဒီဇိုင်းထွင်ထားတဲ့ ထီးလေးနဲ့ အပြင်မထွက်ချင်ဘူးလား။ ထီးဗြောင်ပေါ်မှာ ကိုယ်ကိုယ်တိုင် ဒီဇိုင်းဖန်တီးရာမှာဆိုတော့ ပျော်စရာလည်းကောင်း၊ စိတ်ကျေနပ်စရာလည်း ကောင်းတယ်လေ။ ကဲ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးကို ဖန်တီးဖို့ ဘာတွေလိုအပ်သလဲဆိုတာ အရင်ကြည့်ရအောင်။

လိုအပ်သောပစ္စည်းများ

၁။ကာလာဗြောင်နဲ့ထီးတစ်လက်

၂။ထီးပေါ်မှာကာလာစွဲကျန်စေဖို့အတွက် လိုအပ်တဲ့ craft သုတ်ဆေး

၃။ဆေးသုတ်တဲ့အခါသုံးတဲ့ အပြာရောင်တိပ်

၎။ဖယောင်းစက္ကူ

၅။ဘရက်ရှ်

၆။စက္ကူအ၀ိုင်းဖြတ်စက်ဝိုင်း

လုပ်ပုံလုပ်နည်း အဆင့်ဆင့်

အဆင့် (၁) – ဖယောင်းစက္ကူပေါ်မှာ အပြာရောင်တိပ်ကို ကပ်လိုက်ပါ။

အဆင့် (၂)- အ၀ိုင်းပုံစံ stencil ဖောက်ဖို့အတွက် ဖယောင်းစက္ကူပေါ်မှာ အရင် အပေါက်ဖောက်ပါ။

အဆင့် (၃) -ပြီးတော့ ဖယောင်းစက္ကူနဲ့ တိပ်ကိုယူပြီး ထီးပေါ်က ကိုယ်လိုချင်တဲ့နေရာမှာ နေရာချလိုက်ပါ။

အဆင့် (၄) – အဲ့ဒီနောက်မှာတော့ ကိုယ်လိုချင်တဲ့ ဆေးရောင်ကို ခုနထီးပေါ်ကပ်ထားတဲ့ အ၀ိုင်းလေးပေါ် ပုံမှာပြထားသလို ခြယ်လိုက်ရုံပါပဲ။ ဆေးကို နှစ်ထပ်ခြယ်ရင်တော့ ပိုကောင်းပါတယ်။

အဆင့် (၅)- နောက်ဆုံးအဆင့်အနေနဲ့ အခြောက်ခံလိုက်ပြီး ခြောက်သွားတာနဲ့ တိပ်ကိုဆွဲခွာပစ်လိုက်ပါ။ ဒါဆို လိုချင်တဲ့အမိုက်စားထီးလေးရပါပြီ။

Ref:refinery29.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.