၉၀ ပြည့်လွန်နှစ်တွေရဲ့ အငွေ့အသက်တွေကို ပြန်အသက်သွင်းထားတဲ့ Jennifer Hudson ရဲ့ Walk It Out ဂီတဗီဒီယို

jennifer_hudson_-_walk_it_out.jpg

 

Jennifer Hudson တစ်ယောက်ကတော့ သူမရဲ့နောက်ဆုံးဗီဒီယိုထဲမှာ သင့်ကို သူမနဲ့အတူ ၁၉၉၈ ခုနှစ်ဆီကိုလမ်းအတူလျှောက်ဖို့ဖိတ်ခေါ်နေပါတယ်။

Timbaland နဲ့ J-Roc တို့ထုတ်လုပ်တဲ့ Walk It Out သီချင်းဟာ Hudson ရဲ့မကြာမီထွက်ရှိတော့မယ် တတိယမြောက် studio album ထဲကဖြစ်ပါတယ်။ ဒီဗီဒီယိုဟာ သီချင်းအတိုင်းပဲ ၉၀ ပြည့်နှစ်လွန်ကာလာတွေရဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရတွေနဲ့အရောင်ခြယ်သထားပါတယ်။ Aaliyah ရဲ့ Are You That Somebody ကိုမှီငြမ်းထားသလားလို့ထင်ရပါတယ်။ ဂျာကင်အကျီ င်္နဲ့ Krispy Kreme အရွယ်အစားရှိတဲ့ ကွင်းတွေကိုကြည့်ပါ။

ဒီဗီဒီယိုမှာ Timbaland ပါဝင်လာပါတယ်။ ဒါပေမယ့် အများဆုံးပါဝင်တာကတော့ J-Hud ပဲဖြစ်ပါတယ်။ ဇန်န၀ါရီလတုန်းက MTV နဲ့ Hudson တို့တွေ့တုန်းက သူမက သူတို့နှစ်ယောက်လုံးနဲ့ အတူ Pharrell နဲ့ အလုပ်လုပ်ရတဲ့အတွက် သူမကိုယ်သူမဖေါ်ပြခွင့်ရတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။

Ref:mtv.com

                            

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.