ကိုယ့်ဘ၀ထဲကို ဆွဲမခေါ်ရက်လောက်အောင် ချစ်တတ်တယ်ဆိုတဲ့ နေမင်း

881978_10200287845771509_31539737_o.jpg

အချစ် ဖန်စီဇာတ်ကားနုနုတွေနဲ့ မလိုက်ဖက်ဘူးလို့ တရားဝင်ဖွင့်ဟလာတဲ့ နေမင်းက အကြမ်းအရမ်း ဖိုက်တင်ဇာတ်ကားတွေနဲ့ပရိသတ်ရှေ့ရောက်ခဲ့ပေမယ့် ခုတစ်ခါမှာတော့ သိပ်ချစ်တတ်တဲ့ကောင်လေးတစ်ယောက်အဖြစ် ချစ်ဦးမေဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူက “ခု ရိုက်နေတဲ့ကားလေးက ချစ်ဦးမေတဲ့။ ကိုဒိုးလုံးရဲ့သီချင်းပေါ့။ အစ်ကိုက ဒီကားထဲမှာ အရမ်းချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ကာရိုက်တာပေါ့။ အရမ်းချစ်တာမှ ကိုယ့်ဘ၀ထဲကို ဆွဲမသွင်းချင်လောက်အောင်ကို ချစ်တာလေ။ အရမ်းလဲရိုးတယ်။ ကောင်မလေးကိုလဲ တအားချစ်တယ်။ သူချစ်တာကို လဲ ဖွင့်မပြောဘူး။ ကောင်မလေးရဲ့လိုအင်ဆန္ဒတွေကို လုပ်ပေးပြီး ထားခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ကာရိုက်တာလေးပေါ့။ မျိုသိပ်ထားတာက ဇာတ်ကားရဲ့ပွိုင့်ပေါ့။ ဒီဇာတ်ကားက အစ်ကိုနဲ့ကိုက်ညီမှုရှိလားဆိုတော့ အရမ်းထွေထွေထူးထူးတော့ သိပ်မလုပ်ရဘူး။ အပြင်ကာရိုက်တာနဲ့ဆိုရင် မလွယ်ဘူးပေါ့။ ကိုယ်က အပြင်မှာလဲ အဲဒီလောက်မရိုးသလို၊ အပြင်က ကောင်မလေးတွေကလဲ အဲဒီထဲက ကောင်မလေးလို ချစ်စရာကောင်းမှာမဟုတ်ဘူး။ အပြင်မှာ အရမ်းချစ်တတ်တာတော့တူတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအနေရယ်၊ လက်ရှိလူတွေရဲ့လည်ပတ်နေတဲ့ လူမှုဆက်ဆံရေးရယ်ကြောင့် မတူတာပေါ့။ ဒါကလွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဇာတ်ပုံစံလေးပါ့။ အမှန်အတိုင်းပြောရရင် အစ်ကိုက အလှုပ်တစ်ခုခုရှိတဲ့ ကာရိုက်တာမျိုးဆို ကြိုက်တယ်။ အေးတိအေးစက်တွေ သိပ်မရိုက်ဖြစ်ဘူး။ ရွှေစင်ဦးက အစ်ကို့ကုမ္ပဏီဖြစ်တဲ့အတွက် အစ်ကို့စိတ်ကြိုက်ဇာတ်ကို ရွေးချယ်ပြီး ရိုက်ပါတယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးက ရိုက်ဖို့တော့ရှိတယ်။ မသေချာသေးဘူး။ ဒီကားပြီးရင် သတိစိတ်ကြီးဝင်နေသည်ဆိုတဲ့ ကားကို ရွှေမှုန်ရတီနဲ့ ရိုက်ဖို့ရှိပါတယ်”တဲ့။

အချစ်ရေးကတော့ ဘာမှထူးခြားမှုမရှိသလို အရင်အတိုင်းပါပဲလို့ သူက ဖွင့်ဟသွားပါသေးတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.