Spider Man မင်းသမီး Emma Stone နဲ့ ၀ါရင့်မင်းသားကြီး Colin Firth တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အမေရိကန်ဟာသဇာတ်ကား Magic in the Moonlight

magic_in_the_moonlight.jpg

 

Wei Ling Soo လို့လည်းအမည်ရတဲ့ Stanley (Collin Firth) ဟာ ဗြိတိသျှစင်မြင့်မျက်လှည့်နဲ့ မှော်ပညာရှင်ဖြစ်ပြီး လူမှုရေး၊စီးပွားရေး၊ ယဉ်ကျေးမှုစတာတွေ တစ်ဟုန်ထိုးပြောင်းလဲခဲ့တဲ့ ၁၉၂၀ အလွန်နှစ်များ (roaring 20’s) ရဲ့အထွတ်အထိပ် ကာလမှာ သူ့ကို ပြင်သစ်တောင်ပိုင်းဒေသတစ်ခုဖြစ်တဲ့ French Riviera ကိုခေါ်ဆောင်သွားတာဖြစ်ပါတယ်။ သူအဲဒီ့နေရာကိုရောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ အယောင်ဆောင်ဖြစ်နိုင်ချေရှိတဲ့ ၀ိဥာဉ်တွေနဲ့ အဆက်အသွယ်ရှိသူဖြစ်ပြီး ချမ်းသာတဲ့မိသားစုတစ်စုဆီက အမြတ်ထုတ်နေတယ်လို့ထင်ရတဲ့ Sophie (Emma Stone) ရဲ့သရုပ်မှန်ကိုဖေါ်ထုတ်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလုပ်ကိစ္စနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေအလျှင်အမြန်နဲ့ ရောထွေးလာပါတော့တယ်။

Magic in the Moonlight ဟာအမေရိကန် ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Woody Allen ကရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Spider Man မင်းသမီး Emma Stone, ၀ါရင့်မင်းသားကြီး Colin Firth အပါအ၀င် Hamish Linklater, Marcia Gay Harden, Jacki Weaver, Erica Leerhsen, Ellen Atkins, Simon McBurney, Antonia Clarke တို့ဖြစ်ကြပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့မှာထွက်ဖို့ စီစဉ်ထားပါတယ်။

Ref:Wikipedia.org

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.