သားဖြစ်သူနဲ့ တိတ်တဆိတ်ဖျော်ဖြေပွဲကျင်းပခဲ့တဲ့ Green Day အဆိုတော် Billie Joe Armstrong

green_day_frontman_billie_joe_armstrong_performs_secret_show_with_son.png

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဇွန် ၁၂ ရက်နေ့တုန်းက Green Day ရဲ့ရှေ့ထွက်လူ Billie Joe Armstrong နဲ့တွဲဖက် ဂစ်တာသမား Jason White တို့ဟာ ကာလီဖိုးနီးယားပြည်နယ် အော့ကလန်မြို့က 1-2-3-4 Go Records မှာ လျှို့ဝှက်ဖျော်ဖြေပွဲတစ်ခုပြုလုပ်ခဲ့တာဖြစ်ပြီး Armstrong ရဲ့သားဖြစ်သူ Joey က drums တီးခဲ့ပါတယ်။ Restless Press သတင်းအရ သူတို့သုံးဦးဟာ Two And A Half Men အမည်နဲ့ဖျော်ဖြေခဲ့ပြီး Green Days ရဲ့စာရင်းထဲကသီချင်းဟောင်းတွေဖြစ်တဲ့ Church On Sunday, 2000 Light Years Away, Walking အပါအ၀င်အခြားသီချင်းတွေကိုလည်း တီးခတ်ဖျော်ဖြေခဲ့ပါတယ်။

Joey Armstrong ရဲ့အဖွဲ့ Emily’s Army ဟာသူတို့ရဲ့ဒုတိယမြောက် album Lost At Seventeen ကို ၂၀၁၃ ခုနှစ်က Rise Records ကနေထုတ်ခဲ့တာဖြစ်ပါတယ်။

Ref:altpress.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.