ဒီဇိုင်းဆန်းပြီး သူများနဲ့မတူ၊ တမူကွဲပြားလှပတဲ့ ပိုးထည်၊ ချိတ်တွေကို ဆင်မြန်းချင်သူတွေအတွက် ရတနာဒေ၀ီပိုးထည်ဆိုင်ခွဲ ထပ်မံဖွင့်လှစ်

10157127_796504147041299_2170633112293788815_n.jpg

ဖက်ရှင်ရေစီးကြောင်းဆိုတာ အမြဲတမ်းလည်ပတ်၊ ဆန်းသစ်နေတာပါ။ ခုနောက်ပိုင်း ခေတ်စားလာတဲ့ ဖက်ရှင်တွေထဲမှာ မြန်မာအမျိုးသမီးတွေရဲ့ အကြိုက်က တဖြည်းဖြည်း တီထွင်မှုဆန်းသစ်မှုဘက်ပိုင်းကို ပိုအားသာလာပါတယ်။ နိုင်ငံတကာ ဖက်ရှင်တွေဆိုတာထက် ကိုယ့်မြန်မာဝတ်စုံဒီဇိုင်းတွေကို ဘယ်လိုဆန်းသစ်အောင် ဒီဇိုင်းထွင်ချုပ်လုပ် ၀တ်ဆင်မလဲဆိုပြီး ပိုမိုတွေးခေါ်လာကြသလို မြန်မာ့ပိုးထည်၊ ချည်ထည်၊ ဇာစတာတွေနဲ့ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းတွေကို ဖန်တီးဝတ်ဆင်လာကြပါပြီ။

ဒါ့ကြောင့် ကြည့်လိုက်တာနဲ့ ရင်သပ်ရှုမောဖြစ်စေမယ့် ၀တ်စုံဒီဇိုင်းတွေကို ဆင်မြန်းချင်တဲ့ ပျိုမေတွေအတွက် တော်ဝင်စင်တာ B1 floor Orange supermarket ရှေ့မှာ ဖွင့်လှစ်ထားတဲ့ ရတနာဒေ၀ီပိုးထည်ဆိုင်မှ တာဝန်ရှိသူ မခိုင်သဉ္ဖာချို နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့တဲ့အခါ “ပထမဆိုင်က စကော့ဈေးထဲမှာရှိတယ်။ ဒါက ဒုတိယဆိုင်ပေါ့။ ပစ္စည်းတွေက ပြင်သစ်ဇာတွေရှိတယ်။ ယိုးဒယားဘက်ကလဲ ယူတယ်။ စင်ကာပူဖက်ကလဲ ယူတယ်။ ပြီးတော့ ချိတ်ကျတော့ အမရပူရဘက်ကယူတယ်။ ဒီဆိုင်မှာ ဖွင့်ဖြစ်တာလေးက မိုးလုံလေလုံလဲ ဖြစ်အောင်၊ ၀ယ်သူတွေ ညဖက်လာဝယ်ရင်လဲ အဆင်ပြေအောင်၊ ပြီးတော့ ဗိုလ်ချုပ်ဈေးမှာ တင်္နလာနေ့ပိတ်တယ်ဆိုတော့ အဲ့ဒီနေ့ ၀ယ်ချင်တဲ့သူတွေဆို ၀ယ်လို့မရတာလေးတွေရှိတယ်။ ခု ဒီမှာကျတော့ ကြိုက်တဲ့နေ့လာဝယ်လို့ရတယ်။ customer တွေအတွက် ပိုပြီး အဆင်ပြေအောင်ဖွင့်ဖြစ်ခဲ့တာပါ။

ဈေးနှုန်းတွေကတော့ ချိတ်ဆို ၃သောင်းကနေစပြီး ၆သိန်းခွဲ ၇သိန်းခွဲ ထိရှိတယ်။ ဇာဆိုရင် တစ်သောင်းခွဲကနေ တစ်သိန်းကျော်၊ နှစ်သိန်းကျော်ထိရှိတယ်။ ဒီဆိုင်လေး အဆင်ပြေအခြေကျသွားပြီဆိုရင် နောက်ထပ်ဆိုင်ခွဲတွေလဲ ထပ်ဖွင့်ဖို့ရှိပါတယ်။ ဒီဆိုင်လေးကိုတော့ မ အရမ်းဝါသနာပါလို့ဖွင့်ဖြစ်ခဲ့တာပါ။ ဒီဆိုင်လေးမှာ ပိုးစစ် ဗမာချိတ်၊ ယိုးဒယားချိတ်အကုန်ရတယ်။ ဇာတွေလဲရတယ်။ ဒါ့ကြောင့် customer တွေအနေနဲ့ ရတနာဒေ၀ီမှာဝယ်ရင် ပစ္စည်းမှန်စေရမယ်။ ဈေးနှုန်းမှန်စေရမယ်။ စိတ်တိုင်းလဲကျစေရပါမယ် အာမခံပါတယ်”လို့ သူမက ပြောပြပေးခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.