နောက်ပိုင်းဗီလိန်ဆန်တဲ့ ပုံစံလေးတွေပါ ရိုက်ကူးသွားမယ်လို့ဆိုတဲ့ ဟိန်းဝေယံ

225937_121138621300158_1105947_n.jpg

သရုပ်ဆောင်ဘက်မှာ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိနေတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်သူ ဟိန်းဝေရဲ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကို မေးကြည့်တဲ့အခါ “ခု ရိုက်နေတဲ့ကားလေးက အိပ်မက်ပြဇာတ်တဲ့။ ဒါရိုက်တာကဦးပွားကြီး၊ မင်းသမီးက အိချောပိုပေါ့။ ဒီကားကတော့ အိပ်မက်ဆန်ဆန်ရိုမန့်စ် ပုံစံလေးပေါ့။ ဒီကားလေးထဲမှာ ဆံပင်ပုံစံလေးလဲ ချိန်းထားတယ်။ အဓိကက ကိုယ်ရိုက်နေတဲ့ ကာရိုက်တာနဲ့ရော၊ ပရိသတ်အတွက်လဲ အသစ်အဆန်းဖြစ်အောင် နဲနဲလေးပြောင်းထားတာပါ။ ရုပ်ရှင်ကားကြီးကတော့ ရိုက်ဖို့ စီစဉ်ထားတာ မရှိသေးပါဘူး။ ခုနောက်ပိုင်းဆိုရင် ဗန့်ဆန်တဲ့ ပုံစံလေးတွေကိုလဲ ရိုက်ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေကလဲ နားလည်နေပြီလေ။ ဒါအပြင်မှာ တကယ်ဖြစ်နေတာမဟုတ်ဘူး။ ရုပ်ရှင်ရိုက်နေတယ်ဆိုတာ သူတို့ လက်ခံလာတဲ့အတွက် အဆင်ပြေပါတယ်။ ခုနောက်ပိုင်းကတော့ ပရိသတ်လဲကြိုက်ရမယ်။ ကိုယ်လဲကြိုက်ရမဲ့ပုံဆိုရင်တော့ ရိုက်ဖြစ်မှာပါ။ ကျွန်တော် မရိုက်ရသေးတဲ့ ဇာတ်ရုပ်တွေလဲ အများကြီးရှိပါသေးတယ်။”လို့ သူက ပြောပါတယ်။

မိုးရာသီနဲ့ပတ်သတ်တဲ့စိတ်ခံစားချက်ကိုတော့ သူက “ မိုးရာသီက စိုစိုစွတ်စွတ်လေးမို့လို့ရမ်းကြိုက်ပါတယ်။ အမှတ်တရဆိုရင် ကျွန်တော် ၆တန်းတုန်းက ကျောင်းဆင်းတဲ့ချိန်မှာ ထီးပါရဲ့သားနဲ့ အခန်းထဲမှာ ထားခဲ့ပြီး မေ့သလိုလိုနဲ့ မိုးရေထဲ ရေချိုးပြီး ပြန်လာတာပေါ့။ အရမ်းလဲချမ်းတယ်။ အရမ်းလဲပျော်ဖို့ကောင်းတယ်။ အဲဒါလေးကတော့အမှတ်တရပါပဲ”တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.