အခမ်းနားဆုံးကျင်းပခဲ့တဲ့ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားဖွင့်ပွဲ

brazil3.jpg

ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့ က Arena de Sao ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲကို ပရိတ်သတ် ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ရက်တွေက ဖွင့်ပွဲဖျော်ဖြေမှုကနေ နှုတ်ထွက်တယ်လို့ ကြေငြာထားခဲ့ပေမယ့် Jennifer Lopez တစ်ယောက်ကတော့ ဖွင့်ပွဲမှာ ပြန်လည်ပါဝင်ခဲ့ပြီး ရက်ပါ Pitbull ၊ ဘရာဇီးပေါ့ပ်ကြယ်ပွင့် Claudia Leitte တို့  နဲ့ အတူ We Are One (Ole Ola) သီချင်းကို သီဆိုဖျော်ဖြေသွားခဲ့ပါတယ်။ ဘရာဇီးဟာ အဆင့်မြင့် နည်းပညာ အကူအညီ အမြောက်အမြားသုံးပြီး ဖွင့်ပွဲကို အခမ်းနားဆုံးကျင်းပနိုင်ခဲ့ပါတယ်။ ဒီအခမ်းအနားအတွက် ကုန်ကျစရိတ်ဟာ ပေါင် ၄.၅သန်း ခန့် ရှိပါတယ်။ ဖွင့်ပွဲစဉ်အဖြစ် အုပ်စု (A) မှ အိမ်ရှင် ဘရာဇီးအသင်းနဲ့  ခရိုအေးရှား အသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင်ဘရာဇီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဘရာဇီး ကမ္ဘာ့ဖလားဖွင့်ပွဲ ရဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။ 

ဘရာဇီးနိုင်ငံ အမေဇုန်မုတ်သုံသစ်တောမှ မိုးစက်ကလေးများအဖြစ် ကချေသည်တွေ သရုပ်ဖော်ဖော်ျဖြေနေပုံ

Jennifer Lopez၊ ဘရာဇီးကြယ်ပွင့် Claudia Leitte နှင့် ရက်ပါ Pitbull တို့ အတူတူ ဖျော်ဖြေနေစဉ်

ဖွင့်ပွဲရဲ့ ပထမပိုင်းအနေနဲ့ ဘရာဇီးရဲ့ အထင်ကရ အမေဇုန်သစ်တောနဲ့ တိုင်းရင်းသားလူမျိုးတွေကို သရုပ်ဖော်နေစဉ်

ဘောလုံးပုံစံဝတ်ဆင်ထားသူများက ကျွမ်းဘားစတန့် ပြသနေစဉ်

 

Ref: telegraph.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.