ချစ်လှစွာသောအမုန်း ဇာတ်ကားဟာ ပရိသတ်အတွက် လုံးဝအသစ်ဖြစ်လိမ့်မယ်လို့ ဆိုတဲ့ ၀တ်မှုန်ရွှေရည်

197655_4197697469620_1600486110_n.jpg

ပရိသတ်ရဲ့ မေတ္တာတွေအပြည့်အ၀ ရရှိထားတဲ့ ၀တ်မှုန်ရွှေရည်က ခုသူမက ရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး သူမရဲ့စိတ်ခံစားချက်ကို ခုလို ဖွင့်ဟလာခဲ့ပါတယ်။“ခုရိုက်နေတဲ့ ကားလေးက ချစ်လှစွာသော အမုန်းတဲ့။ ဒါရိုက်တာက ကိုဝိုင်း၊ ပြီးတော့ဦး ဇင်ဝိုင်း၊ အောင်ရဲလင်း၊ မသက်မွန်မြင့်နဲ့ကစ်ပေါ့။ ဒီကားထဲမှာ ကစ်က အူအူအအရိုးရိုး ထူထူထိုင်းထိုင်း၊ ပညာမတတ် စာမတတ်တဲ့ ကောင်မလေးပေါ့။ ဘ၀ခပ်ကြမ်းကြမ်းကလာတဲ့ ကောင်မလေးပေါ့။ အမုန်းဆိုတဲ့ ကောင်မလေးပါ။ မရိုက်ခင် ဇာတ်သိရကတည်းက အမုန်းဆိုတဲ့ ကာရိုက်တာဝင်အောင် ပြင်ဆင်ထားပါတယ်။ အ၀တ်အစားပိုင်းကအစ အကုန်လုံးပေါ့။ ကစ်လဲ အရင်က ကားကြီးကို ဟာသကားတွေ ရိုက်ဖူးတယ်။ အဲ့ဒီတုန်းက ပရိသတ်ကလဲ ဟာသကားမှဟာသကား ဖြစ်နေတဲ့ချိန် ဆိုတော့လဲလေ။ ခုကျတော့ ရိုမန့်ဒရာမာလေးတွေ ပြောင်းလဲကြိုက်လာတဲ့တွက် ဒီကားလေးကိုရိုက်ဖြစ်ခဲ့တာပါ။ ပြီးတော့ ကိုယ့်အတွက် အနုပညာကျန်မဲ့ ကားမျိုးတွေလဲ ရိုက်ချင်တယ်လေ။ ဒီဇာတ်ကားပြီးရင် ဇေရဲထက်နဲ့ရိုက်ဖို့ရှိပါတယ်။ ၂၀၁၄ ထဲမှာ ဒီကားပြီးရင် ထပ်ရုံတင်မှာက နင်စေရင်၊ ပြီးရင် အဆုံးမဲ့အချစ်၊ မော်ဒန်ရဲ့ရာဇ၀င်၊ နှလုံးသားဖြင့်ပြုလုပ်သည်။ အဆုံးမဲ့အချစ်ကားဆိုလဲ ဆန်းတယ်။ သွေးစုပ်ဖုတ် ကောင်ကားမျိုးပါ။ ရုံပေါ်မှာကကြည့်တဲ့ ပရိသတ်လဲ စိတ်ပြောင်းအလဲလေးဖြစ်အောင် တစ်ခါမှ ဘယ်သူမှလဲ မရိုက်ဖူးဘူးဆိုတော့ ရိုက်ကြည့်လိုက်တာပါ။”လို့ သူက ပြောပါတယ်။

သက်မွန်မြင့်နဲ့အတူ တွဲရိုက်ရတဲ့ ခံစားချက်ကိုတော့ သူမက “သူလဲ ကိုယ့်ဇာတ်ရုပ်နဲ့ကိုယ်ဆိုတော့ လုပ်ရတဲ့ ခံစားချက်ချင်းမတူဘူးပေါ့နော်။ ဒီကားလေးက အမှန်အတိုင်းပြောရရင်သဘာဝနဲ့အရမ်းနီးစပ်တယ်။ အရမ်းကို ဇာတ်လမ်းသဘောတရားအရက ရုပ်ရှင်မဆန်ဘူး။ သဘာဝနဲ့အရမ်းနီးစပ်တယ်။ မင်းသမီးနှစ်ယောက်ပါတဲ့ ဇာတ်မို့လို့ မင်းသားကို ၀ိုင်းလုနေတာလဲမဟုတ်ဘူး။ အပြင်မှာနဲ့ အရမ်းနီးစပ်တယ်။ ပေးချင်တဲ့ မက်ဆေ့လေးကလဲ အနစ်နာခံတာလေးတွေ၊ သဘောထားကြီးတာလေးတွေ၊ အဓိက ကတော့ စိတ်ထားနူးညံ့တာလေးတွေ ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ချစ်လှစွာသောအမုန်းဇာတ်ကားက ငြိမ့်ငြိမ့်လေးနဲ့ရိုမန့်ဒရာမာလေးပေါ့။ ပရိသတ်အတွက် အသစ်တစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်။”တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.