နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ရှောင်ကြဉ်ရမယ့် အချက်များ

sleeping.jpg

ခုတလော အလုပ်ကိစ္စတွေကြောင့်၊ ဒါမှမဟုတ် ချစ်သူနဲ့အဆင်မပြေတာကြောင့် ဒါမှမဟုတ်လည်း စိတ်ဖိစီးမှုတွေ များနေလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရဘူးဖြစ်နေပါသလား။ ခုနပြောတဲ့အကြောင်းအရာတွေထက်စာရင် ကိုယ်အိပ်တဲ့ပုံစံ၊ မအိပ်ခင် ကိုယ်ဘာတွေစားထားမိလဲ၊ သောက်ထားမိလဲ ဆိုတာတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ရှောင်ကြဉ်ရမယ့်အရာတွေလည်း ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။မအိပ်ခင် စိတ်အာရုံနိုးကြားစေမယ့် အရာတွေကိုရှောင်ပါ။

မျက်နှာကို scrub လုပ်တာတို့၊ အိပ်ခန်းမှာ အမွှေးနံ့ကြိုင်ဖြန်းတာတို့ဟာ အိပ်ချင်စိတ်ကို ပျောက်ကွယ်သွားစေတတ်ပါတယ်။ အိပ်ခါနီး စိတ်အာရုံတွေကို နိုးကြွစေမယ့်အရာတွေ ရှောင်ရမှာပါ။

၂။အိပ်ခါနီး အရက်သေစာ သောက်စားခြင်းကို ရှောင်ပါ။

အိပ်ပျော်ဖို့ အရက်သောက်တယ်၊ ၀ိုင်သောက်တယ်ဆိုတာမျိုး မလုပ်ပါနဲ့။ အဲ့ဒါတွေသောက်မယ့်အစား ချယ်ရီသီးဖျော်ရည်တွေဘာတွေ သောက်ပေးနိုင်ပါတယ်။ ဒါဟာ အိပ်စက်ခြင်းကို အကျိုးပြုပါတယ်။

၃။အစောကြီးအိပ်ယာဝင်ပြီး အကြာကြီးအိပ်စက်ခြင်းကို ရှောင်ပါ။

အိပ်ချိန်ကို ပုံမှန်မထားပဲ ရှေ့ညက ၁၂ နာရီလောက် အိပ်ယာဝင်လို့ ဒီညတော့ ၈နာရီလောက် အိပ်ယာဝင်ပြီး စောစောအိပ်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။ အိပ်ချိန်ကို သတ်မှတ်ထားပါ။ ဒါ့အပြင် တစ်ညကို ၈နာရီအိပ်ရမှာမို့ ပိုအိပ်ရေးဝအောင် ၁၂နာရီလောက်ကြာအောင် အိပ်လိုက်တယ်ဆိုတာမျိုးကလည်း လုံးဝမဖြစ်သင့်ပါဘူး။

၎။ကော်ဖီသောက်တာမျိုးကိုလည်း ရှောင်ပါ။

ကဖင်းဓာတ်ပါတဲ့ အရာမှန်သမျှ အိပ်ခါနီး မသုံးစွဲပါနဲ့။ ကော်ဖီကို အိပ်ခါနီးသောက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၅။ကိုယ့်စိတ်ကို တင်းကျပ်စေမယ့် အရာတွေကို ရှောင်ရှားပါ။

အိပ်ခါနီး ကိုယ့်ရဲ့အတွင်းခံဘောင်းဘီက ကျပ်နေတာကြောင့် အိပ်မရတာမျိုး၊ ဘရာစီယာကျပ်နေတာကြောင့် စိတ်တွေတင်းကျပ်ပြီး အိပ်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါမျိုးဆိုရင် ချွတ်ပြီးအိပ်တာမျိုးတွေ လုပ်သင့်ရင်လုပ်ရမှာပါ။

၆။ဆူညံစေမယ့်အသံမျိုးတွေ၊ ဖုန်းသံတွေကို လျှော့ထား၊ ပိတ်ထားပါ။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လွယ်လွယ်ကူကူ လန့်နိုးတတ်တာမျိုးတွေရှိပါတယ်။ အိပ်နေတုန်း ဖုန်း message ၀င်တဲ့အခါ အသံလေးမြည်တာကအစ ခြေသံပြင်းပြင်းကြားလိုက်ရတာကအဆုံး ဖျတ်ခနဲလန့်နိုးတတ်လေ့ရှိပါ တယ်။ ဒါ့ကြောင့် အိပ်တဲ့အခါ ကိုယ့်ကို အလွယ်တကူနိုးသွားစေမယ့် အရာအားလုံးကို မအိပ်ခင်ကြိုတင်ပြီး ပြင်ဆင်သွားပါ။ ဖုန်းဆိုရင်လည်း အသံပိတ်လိုက်တာမျိုးစသဖြင့်ပေါ့။

၇။လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မအိပ်ခင်အချိန် သုံးနာရီအလိုမှာကတည်းက လုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး တန်းအိပ်တာမျိုးဟာ ခန္ဓာကိုယ်အပူချိန်အပြောင်းအလဲတွေ ဖြစ်တတ်တာမို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး သုံးနာရီအကွာမှသာ အိပ်ပါ။ မအိပ်ခင် ရေချိုးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

Ref:womenshealthmag.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.