Miss Universe Myanmar 2014 ဆန်ခါတင် အလှမယ် အယောက် ၂၀ ထဲမှ ခါးနံပတ် ၁၆ ဖြစ်သူ ယွန်းမီမီကျော်နဲ့တွေ့ဆုံခိုက် သူမရဲ့ ကြိုးစားမှုများကို အခုလို မေးမြန်းကြည့်ဖြစ်တဲ့ခါ “ကိုယ်က မော်ဒယ်တစ်ယောက်လဲဖြစ်တဲ့တွက် ဒါက ပထမဦးဆုံးပြိုင်ပွဲလဲ မဟုတ်ဘူး။ ဒီပြိုင်ပွဲပြိုင်လို့ ဒီလိုလုပ်ရမယ်ဆိုတဲ့စိတ်ကို မထားထားဘူး။ အဲ့ဒီတော့ အရင်ပြိုင်ပွဲတွေတုန်းကအတိုင်းပဲ ကိုယ့်စိတ်ကို ထားပါတယ်။ အဓိက ကတော့ ပြိုင်ပွဲတွေပြိုင်ပြီဆိုရင် အပြောအဆို အမူအရာ နောက်ဆုံး knowledge ပိုင်း ဒါက နိုင်ငံခြားမှာသွားပြိုင်မဲ့ပွဲ၊ နိုင်ငံနဲ့ ဆိုင်တယ်။ အဲ့ဒီတွက် ကိုယ့်လုပ်နေတဲ့ လုပ်ရပ်တိုင်းမှာအစစအရာရာကောင်းရမယ်။ အရင်ကထက် စာရင် နဲနဲလေး ပိုသတိထားရမယ်လို့ထင်ပါတယ်။ အဓိက ၀င်ပြိုင်ဖြစ်တာက တကယ်တမ်းကျတော့ ပြိုင်သင့်တယ် ပေါ့နော်။ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက် ကိုယ်စားပြုတာပဲလေ။ တကယ်လို့ညီမကြိုးစားခဲ့လို့ပါသွားရင်လဲ ကိုယ့်နိုင်ငံတွက်အထောက်အကူပြုတယ်။ ဒီပြိုင်ပွဲကို အရမ်းလဲ စိတ်ဝင်စားလို့ပြိုင်လဲပြိုင်ချင်တဲ့စိတ်ဖြစ်လာလို့ ပြိုင်ခဲ့တာပါ။ အိမ်ကလဲအားပေးတယ်။ ညီမသူငယ်ချင်းတွေကလဲ အားပေးတဲ့တွက် ၀င်ပြိုင်ဖြစ်တာပါ။ ပြိုင်ပွဲအစကနေ အဆုံးထိ အကောင်းဆုံးယှဉ်ပြိုင်သွားမယ်ဆိုတဲ့ စိတ်ထားထားတယ်။ ယုံကြည်မှု ကတော့ ပြိုင်ပွဲစပြိုင်ကတည်းက ညီမက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် ထားထားတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။ ဒီပြိုင်ပွဲက ညီမတို့ငယ်ငယ်ကတည်းက အခွေတွေ ၀ယ်ကြည့်ဖူးတယ်။ အရမ်းလဲသဘောကျတယ်။ နိုင်ငံတကာက miss တွေကိုကြည့်ပြီး အရပ်တွေကလဲ အရှည်ကြီးတွေပဲ၊ အရမ်းမိုက်တယ်။ မြန်မာနိုင်ငံမှာပထမဆုံး မမိုးစက်ဝိုင် စပြိုင်တဲ့ ပွဲတုန်းကလဲ အားပေးတယ်။ အစ်မကလဲ အင်တာနေရှင်နယ်ဆိုဒ်မှီတယ်ဆိုတော့ အားကျတယ်။ Miss ပြိုင်ပွဲတွေထဲမှာ အကြီးဆုံးပွဲလို့လဲ ပြောလို့ရတယ်။ ဆန် ခါတင်ထဲမှာ ပါခဲ့တဲ့တွက်လဲ ကျေနပ်တယ်။ မမိုးစက်ဝိုင်ကိုလဲ အားပေးတယ်။ မနှစ်က သူရသွားတဲ့တွက် ကျေလဲကျေနပ်တယ်။ ပွဲစကတည်းကလဲ ညီမကသူ့ကို အားပေးခဲ့တာပါ။ ဒီပြိုင်ပွဲအတွင်းမှာ ဘာမှလက်မခံထားဘူး။ ရက်တိုက်နေမှာစိုးလို့ပါ။ အမျိုးသမီးရေးရာပွဲကတော့ အချိန်မတိုက်ရင် လျှောက်ဖြစ်ပါမယ်။ ပရိသတ်ကြီး ယွန်းမီတို့ အယောက် ၂၀လုံးကို အားပေးပေးပါလို့ ။ အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့သူမက ပြောသွားခဲ့ပါတယ်။
ပြိုင်ပွဲအစကနေ အဆုံးအထိ အကောင်းဆုံးယှဉ်ပြိုင်သွားမယ်လို့ဆိုတဲ့ ခါးနံပတ် ၁၆ ယွန်းမီမီကျော်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။