ဇူလိုင်လအတွင်းက Burzum ရဲ့ဆရာကြီးလဲဖြစ် လူသတ်မှုနဲ့ပြစ်ဒါဏ်ကျခံဖူးသူလဲဖြစ်တဲ့ Varg Vikernes ကိုလူအများအပြားကိုအကြမ်းဖက်သတ်ဖြတ်ဖို့်ကြံစည်နေတယ်လို့ သံသယရှိပြီးဖမ်းဆီးခဲ့ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူလဲဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ဆေးနေတုန်းမှာ ကာလတိုအချုပ်နဲ့သူ တို့နှစ်ယောက်ကို ထိန်းသိမ်းထားခဲ့တာပါ။ သူတို့လင်မယားနှစ်ယောက်ကို တရားဆွဲဖို့ အခွင့်အာဏာမရှိ(အထောက်အထားမခိုင်လုံ)တဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် Varg ကတော့လူမျိုးရေးသွေးထိုးလှုံဆော်မှု၊ နဲ့စစ်ရာဇ၀တ်မှုကိုချီးကျူးပြောဆိုမှုတွေနဲ့ ပဲရစ်မြို့မှာ တရားရင်ဆိုင်ဖို့ရှိနေပါတယ်။ ဒီအမှုကိုရှေ့လအစောပိုင်းမှာ ကြားနာဖို့စီစဉ်ထားပေမယ့် ၂၀၁၄ ဇွန်လကိုရွှေ့ဆိုင်းခဲ့ပါတယ်။
Black Metal ဂီတမှာအထင်ကရအဖြစ်ဆုံးသူတစ်ယောက်ဖြစ်တဲ့ Varg Vikernes ဟာသူကိုယ်တိုင်ဖွင့်ပြောထားတဲ့ လူမျိုးရေးခွဲခြားသူတစ်ယောက်ဖြစ်ပြီး ပြင်သစ်အမျိုးသားရှေ့တန်းပါတီကို ထောက်ခံသူတစ်ဦးပါ။ သူဟာ ၁၉၉၃ ခုနှစ်Mayhem ၀ိုင်းမှာတုန်းက၀ိုင်းဖေါ် Øystein Aarseth ကိုဓားနဲ့ထိုးသတ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၅နှစ်ကျခံခဲ့ရပါတယ်။ နော်ဝေနိုင်ငံ အော်စလိုမြို့မှာလူ ၇၇ယောက်သေဆုံးစေခဲ့တဲ့ ဗုံးခွဲအကြမ်းဖက်မှု လူအများအပြားကို သေနတ်နဲ့ရမ်းကားပစ်ခတ်မှုတွေကိုကျုးလွန်ခဲ့တဲ့ Andres Breivik ဆီကနေ၀ါဒဖြန့်စာတစ်စောင်ကို Vargကရယူခဲ့တဲ့အတွက်ပြင်သစ်ရဲက Varg ကိုသံသယ၀င်ခဲ့တာဖြစ်ပါတယ်။ Varg ကအဲဒီ့ဝါဒဖြန့်စာကို ရယူခဲ့ရာမှုဒီလိုစစ်ဆေးမှုတွေလုပ်ရတာဖြစ်တယ်လို့ ဒီ Burzum ရဲ့ဂီတသမားကို တရားဆွဲဆိုခဲ့တဲ့ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အာဏာပိုင်တွေကိုစိုးရိမ်စေတဲ့ သူကအကြမ်းဖက်မှုကျုးလွန်နိုင်တယ်ဆိုတဲ့ သံသယတွေအများအပြားရှိနေပါတယ်။
Varg ရဲ့ကိုယ်ပိုင် Blog မှာလူမျိုးရေးခွဲခြားမှု၊ ဂျူးမုန်းတီးမှုတွေကိုအခြေခံထားတဲ့ အကြောင်းအရာတွေရှိပါတယ်။ UPI Website ရဲ့အဆိုအရတော့ Varg ဟာဒီရန်လိုတဲ့လုပ်ရပ်တွေကြောင့် ထောင်ဒဏ်၅နှစ်ကခံဖွယ်ရှိနေပါတယ်။
“ကျွန်တော်တို့ကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းတာမျိုး ကလေးတွေရှေ့မှာဒီလိုကြမ်းတမ်းတဲ့လုပ်ရပ်မျိုး နဲ့အကြောင်းပြချက်မရှိဘဲကျွန်တော်တို့ရဲ့လက်နှက်ပိုင်ဆိုင်ခွင့်ကိုမပေးချင်တာမျိုးလုပ်တဲ့ အာဏာပိုင်တွေကို တရားပြန်ဆွဲချင်ပါတယ်” လို့ဇူလိုင်လအတွင်းအဖမ်းခံရပြီးမကြာမီမှာ Varg ကရေးခဲ့ပါတယ်။ ပြသနာကတော့သူတို့ကိုတရားပြန်ဆွဲလို့မရတာပဲဖြစ်ပါတယ်။ ခင်ဗျားတိှု့ဆီက အကူအညီတောင်းရုံကလွဲပြီး ဒီကိစ္စအတွက် အခြားဖြေရှင်းစရာနည်းလမ်းမရှိဘူး။ ဒီလိုလုပ်ရတာကျွန်တော့်ကိုနာကျင်စေပါတယ်။ ပြီးတော့ကျွန်တော့်ဖာသာလဲဒီကိစ္စအတွက် တော်တော်လေးရုန်းကန်လာရတာ ဖြစ်ပါတယ်။ ဒါပေမယ့်ဒါဟာဒီအချိန်မှာမှန်ကန်တဲ့လုပ်ရပ်လို့ကျွန်တော်ထင်ပါတယ်” လို့ Varg ကပြောပါတယ်။
အခုအခါ Varg ဟာသူ့ရဲ့တရားရေးကိစ္စတွေအတွက် အလှုငွေလက်ခံနေပြီဖြစ်ပါတယ်။
(Ref:loudwire)