အင်တာနက်ကို လွှမ်းမိုးခဲ့တဲ့ Psy ရဲ့ Hangover သီချင်း ပြန်လည်သုံးသပ်ချက်များ

mixed_reviews_on_psys_hangover_dominate_internet.jpg

 

Hangover သီချင်းကို ဇွန်လ ၉ ရက်နေ့မှာထုတ်ခဲ့တာဖြစ်ပါတယ်။ ဂီတဗီဒီယိုရဲ့အစမ်းဟာ Youtube မှာ ကြည့်ရှုသူဦးရေ ၁၀၀၀၀၀၀ ကျော်ခဲ့ပေမယ့် အပြည့်ပါတဲ့ ဂီတဗီဒီယိုကတော့ အကောင်းထက် အဆိုးဝေဖန်မှုတွေသာ ရရှိခဲ့တာဖြစ်ပါတယ်။ အချို့တွေက Hangover ဟာ Psy ရဲ့အရင်သီချင်း Gentleman ထက်ပိုကောင်းတယ်လို့ဆိုကြပေမယ့် အများစုလက်ခံထားတာတစ်ခုကတော့ Hangover သီချင်းဟာ အရက်သောက်သုံးခြင်းကို နှစ်သက်ဖွယ်ကောင်းအောင် တင်ဆက်ထားတယ် ဆိုတာပဲဖြစ်ပါတယ်။

Hangover သီချင်းရဲ့ ဗီဒီယိုအပြည့်အစုံကို Psy ရဲ့တရားဝင် Youtube channel နဲ့ YG ဖျော်ဖြေရေးရဲ့ တရားဝင် ဘလောဂ့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ၅ မိနစ်နဲ့ ၈ စက္ကန့်ကြာတဲ့ ဗီဒီယိုမှာ Psy တစ်ယောက် သောက်စားခဲ့တဲ့ ညအပြီး အိမ်သာထဲမှာ အော့အန်နေချိန် Snoop Dogg က Psy ရဲ့ကျောကိုပုတ်ပေးပြီးစတင်ထားတာဖြစ်ပါတယ်။ Psy နဲ့ Snoop Dogg တို့ဟာ ဈေးဆိုင်တစ်ဆိုင်ကိုသွားပြီး အရက်နာကျမှုကို သက်သာဖို့အတွက် ခေါက်ဆွဲဝင်စားပါတယ်။ ပြီးတော့ အများသုံးရေချိုးခန်းကိုသွားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကာရာအိုကေခန်းမမှာ သက်လတ်ပိုင်းအမျိုးသမီးတွေနဲ့ကခုန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် များစွာသော အရက်သောက်သုံးမှုတွေ၊ ဘယ်သူပိုသောက်နိုင်လဲ ကစားနည်းတွေနဲ့ အရက်သောက်ပြီး ခိုက်ရန်ဖြစ်ပွားတဲ့ မြင်ကွင်းတွေက အရက်သောက်သုံးခြင်းရဲ့ မကောင်းတဲ့အလေ့အထကို ရောင်ပြန်ဟပ်စေပြီး ကိုရီးယားလူမျိုးတိုင်း အရက်သောက်ရင် ရန်ဖြစ်တတ်တယ်လို့ ဆိုလိုကြောင်း အချို့သောပြန်လည်သုံးသပ်သူတွေက ဆိုပါတယ်။

Psy ရဲ့ဦးဆောင်ပါဝင်မှုကို လုယူခံရတယ်လို့ အဓိပ္ပါယ်ရတဲ့ မှတ်ချက်တွေလဲတွေ့ရပါတယ်။ အချို့သော youtube အသုံးပြုသူများထဲကတစ်ယောက်က ‘ဒါ Snoop Dogg ရဲ့သီချင်းမှာ Psy က ဧည့်သည်အဆိုတော်ဝင်လုပ်ထားတဲ့ ပုံစံဖြစ်နေတယ်။ ဒီမှာ Snoop Dogg ကိုပဲတွေ့နေရတယ်’ လို့ဆိုပါတယ်။

Hangover ရဲ့ဂီတဗီဒီယိုကို youtube မှာကြည့်ရှုသူဦးရေ ငါးသန်းကျော်သွားခဲ့ပါပြီ။

Ref:kpopstarz.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.