ဒါရိုက်တာဝိုင်းနဲ့ဆိုရင် ကားကြီးဖြစ်ဖြစ်၊ ဗီဒီယိုဖြစ်ဖြစ် ကံစပ်တယ်လို့ ပြောလာတဲ့သက်မွန်မြင့်

1480650_10151836414901914_508553312_n.jpg

အိမ်ထောင်ကျသွားပြီးပေမဲ့လဲ ပရိသတ် အချစ် ခံရဆဲ မင်းသမီးတစ်ဦးကတော့ သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာ ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာမို့ ဒီဇာတ်ကားအကြောင်းရော၊ အရင်တစ်ခါ ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တဲ့  ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားအကြောင်းပါ မေးမြန်းကြည့်လိုက်တဲ့အခါ “ခု ရိုက်နေတဲ့ကားလေးက ဒါရိုက်တာကကိုဝိုင်း၊ အောင်ရဲလင်းနဲ့ဝတ်မှုန်ရွှေရည်ပေါ့။ ဒီကားလေးက သဘာဝဆန်တဲ့ ကားလေးပေါ့။ ကစ်က သက်မွန်ရဲ့မိဒွေး၊ အဖေက ကိုယ့်ကိုဂရုမစိုက်တဲ့အပေါ်မှာ ဒီမိထွေးလေးကလဲ အရမ်းရိုးသားတယ်။ အဲဒီလိုပုံစံလေးပေါ့။ ကားနာမည်က ချစ်လှစွာသောအမုန်းတဲ့။ ကစ်နဲ့က သူ့လဲ သူကာရိုက်တာဝင်အောင် သူကြိုးစားတယ်။ ကိုယ်လဲ ကိုယ့်ကာရိုက်တာ ၀င်အောင် ကိုယ်ကြိုးစားတယ်။ သူလဲ အရမ်းတော်တဲ့သူ တစ်ယောက်ဆိုတော့ သိပ်ပြသနာမရှိပါဘူး။ ဒီကားကို လက်ခံခဲ့တာက ဇာတ်လမ်းကြိုက်တယ်။ ကာရိုက်တာကလဲ သက်မွန်နဲ့လိုက်တယ်။ ကစ်ကလဲ အမုန်းဆိုတဲ့ ကာရိုက်တာနဲ့အံဝင်ခွင်ကျပဲ။ ဇာတ်လမ်းလေးကိုလဲ ကြိုက်တယ်။ အရှေ့မှာ မရိုက်ဖူးဆိုပြီး ငြင်းခဲ့တာကလဲ ကျွန်မကနှင်းဆီပါမောင်ဆိုတဲ့ တစ်ကားတည်းပါ။ အဲ့ဒီကားလေးမှာလဲ ကိုယ်လုပ်ချင်တာနဲ့ သူရိုက်ချင်တာနဲ့က နဲနဲလေးလွဲနေလို့ မရိုက်ဖြစ်တာပါ။ အခုဒီကားမှာကလဲ ကိုယ့်နေရာမှာ ခေါ်ရိုက်ချင်လို့ ခေါ်တယ်ပေါ့။ ဒါပါပဲ။ ဘာပြသနာမှမရှိပါဘူး။ သူနဲ့ကိုယ်နဲ့က ကားကြီးဖြစ်ဖြစ် ဗီဒီယိုဖြစ်ဖြစ်ကံဆက်တာများတယ်။ လို့ပြောပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.