တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် စတင်ပြင်ဆင်နေပြီဖြစ်တဲ့ 2NE1 ရဲ့ခေါင်းဆောင် CL

130219cl.jpg

ကမ္ဘာကျော် Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2NE1ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သလို အဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ CL ရဲ့ တစ်ကိုယ်တော်ခွေဟာ မကြာခင် ပရိသတ်တွေရှေ့ ရောက်ရှိလာတော့မှာပါ။ သိပ်မကြာခင်က Hypebeast TV ကလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ CLက 2NE1အခွေနဲ့ ပတ်သက်ပြီးတော့ရော သူမတစ်ကိုယ်တော်အခွေအကြောင်းကိုပါ ပြောပြသွားခဲ့ပါတယ်။ "ခုလောလောဆယ် ကျွန်မတို့အားလုံး Crush ဆိုတဲ့ 2NE1အခွေအတွက် သီချင်းတွေလုပ်နေ ကြပါတယ်။ YG ရဲ့ ထုတ်လုပ်သူ Teddy နဲ့ပဲ တွဲလုပ်နေကြတာပါ။ ဒီအခွေထဲမှာလည်း ကျွန်မကိုင်တိုင်ရေးဆိုထားတဲ့ သီချင်းသုံးပုဒ်ပါပါတယ်။ အဲ့ဒီသီချင်းတွေကတော့ Baby I Miss You ၊ If I Were You နဲ့ Crush ဆိုတဲ့သီချင်းတွေပါ။ သီချင်းသွင်းရတဲ့အပိုင်းကတော့ အရမ်းပျော်ဖို့ကောင်းတယ်။ အသံသွင်းနေတယ်ဆိုတာထက် ပါတီလုပ်နေသလိုပဲ။ ဒီအခွေပြီးရင်တော့ ကျွန်မရဲ့ တစ်ကိုယ်တော်ခွေအတွက် ဆက်လှုပ်ရှားရမှာပေါ့။  ဘယ်အချိန်ထွက်ဖြစ်မယ်ဆိုတာတော့ အတိအကျကြီး ပြောလို့မရသေးပေမယ့် ခု ကျွန်မသီချင်းတွေ ရေးနေပြီ၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေပြီ။ သိပ်မကြာလောက်တော့ဘူးလို့တော့ ခန့်မှန်းရတာပဲ။ ဒီနှစ်မတိုင်ခင်လောက်တော့ အခွေလေးကို ပရိသတ်လက်ထဲပို့ချင်တယ်"လို့ CL က ပြောသွားခဲ့ပါတယ်။

Ref:kpopstarz.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.