ဂီတဖက်မှာ ခြေစုံရပ်ဖို့ထက် သီချင်းဆိုရတာကို ၀ါသနာပါလို့ သီချင်းခွေလုပ်ဖြစ်တာလို့ပြောတဲ့ ဟိန်းဝေယံ

426187_255894307824588_1137330510_n.jpg

သရုပ်ဆောင်ဟိန်းဝေယံက ခုဆိုရင် ဂီတဖက်ကိုပါ လုပ်ကိုင်နေပြီလို့သိရတာကြောင့် လက်ရှိသူကြိုးစားနေတဲ့ တေးစီးရီးအကြောင်း တီးခေါက်ကြည့်မိတဲ့အခါ “သီချင်းခွေထွက်ဖို့ကို ကြိုးစားနေတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်အမရယ်၊ ကျွန်တော်တို့တိုက်က တင်တဲ့ ဇွဲထန်ဆိုတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ပါမယ်။ သီချင်းကိုလဲ ကျွန်တော်အကောင်းဆုံးလေးတွေ ထည့်မယ်။ သီချင်းကတော့ Own Tune များမယ်။ ကော်ပီက ပါတော့ပါမယ်။ နည်းမယ်ထင်တယ်။ ဂီတဖက်မှာ ခြေစုံရပ်ဖို့အခွေလုပ်တာ မဟုတ်ဘူးနော်။ သီချင်းဆိုတာကို ၀ါသနာပါလို့ ပရိသတ်တွက် အမှတ်တရလေးတစ်ခု ဖြစ်အောင်လို့ပါ။ သရုပ်ဆောင်ရော ဂီတရော အရမ်းသဘောကျတယ်။ ဂီတဖက်ကိုလဲ ကြိုးစားကြည့်ချင်တာပေါ့နော်။ သီချင်းအမျိုးအစား အားလုံးကို သဘောကျပါတယ်။ R&B နဲ့ POP ချို ချိုလေးတွေကို တော့ ပိုအားရတယ်။ အပ်ထားတာတွေကတော့ ကိုဖိုးကာ၊ ကိုဖိုးထူး၊ ရဲရင့်အောင်ပါတယ်။ တခြားတေးရေးဆရာတွေ တော်တော်များများ ပါပါတယ်။ ထပ်ပြီး အပ်ဖို့အတွက်ကို ကျွန်တော်စီစဉ်နေပါတယ်။ ကြိုးစားနေပါတယ်လို့”လို့ သူက ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.