ကားသူခိုးလို့ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ “Grand Theft Auto” ဂိမ်းစီးရီးရဲ့ ပဉ္စမမြောက်အခွေ GTA V ဟာ အချိန်အတော်ကြာ စောင့်စားခဲ့ရပြီးနောက်မှာတော့ PS 4၊ Xbox One နဲ့ PC ဗားရှင်းတွေ မကြာမီ ထွက်ရှိလာပါတော့မယ်။ Rockstar ဟာ ဒီသတင်းကို ဗီဒီယို trailer တစ်ခုနဲ့ အတူ GTA V ကို နောက်ဆုံးပေါ် ဂိမ်း console တွေမှာ ဆော့ကစားနိုင်ဖို့ အတွက် ဆောင်းဦးပေါက်မှာ ထွက်ရှိတော့မှာဖြစ်ကြောင်း ကြေငြာခဲ့တာဖြစ်ပါတယ်။
Rockstar ကုမ္ပဏီဟာ GTA ကို PS 3 နဲ့ Xbox 360 တို့ အတွက် ဖြန့် ချိခဲ့ပြီးနောက် အခွေကော်ပီပေါင်း ၃၃ သန်း ကျော်ရောင်းချခဲ့ရပါတယ်။ အခုမှာတော့ gamer တွေဟာ Rockstar က ချန်ရစ်ခဲ့တဲ့ နောက်ဆုံး ဂိမ်း console တွေမှာ ဒီဂိမ်းကို ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် “Grand Theft Auto Online” ကိုပဲ အသုံးပြုပြီး ကစားနိုင်မှာဖြစ်ပါတယ်။
Grand Theft Auto V ဟာ စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ သန်းပေါင်း ၂၆၀ ခန့် ရှိခဲ့ပါတယ်။
Ref: washingtonpost.com