777Lux (Design & Construction Services) ကုမ္မဏီတည်ထောင်နိုင်ခဲ့သူ တစ်ဦးအဖြစ် ရပ်တည်လာတဲ့ အဆိုတော် Lil ကောင်းမြတ်

lillkg_myat2_2.jpg

777Lux Group Co.Ltd (Design&Construction Services) ကုမ္မဏီရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ဇွန်လ၈ရက်နေ့က ပုလဲကွန်ဒိုရှိ၊ အခန်းအမှတ်(F2-50)၊၃လွှာအဆိုပါ ရုံးခန်းတည်နေရာမှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ အခမ်းအနားပွဲကို အနုပညာရှင်တွေ၊ စာနယ်ဇင်းမီဒီယာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေ တက်ရောက်ဂုဏ်ပြုအားပေးခဲ့ပါတယ်။  777Lux Group ရဲ့(Managing Director)တစ်ယောက်ဖြစ်သူ အဆိုတော်ကောင်းမြတ်ကလည်း 777Lux ကုမ္မဏီဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားခဲ့တာကတော့ “ကျွန်တော်ပထမဆုံးပြောချင်တာက ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ အဆင့်အတန်းမြင့်စေတဲ့ စက်ရုံတွေ၊ ဟိုတယ်တွေ၊ Office Tower တွေ၊ Shopping Mall တွေ မြန်မာနိုင်ငံအတွင်းမှာ အကောင်းဆုံးနဲ့ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး၊ နံပတ်နှစ်အချက်က ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့မိတ်ဆွေတွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေအားလုံးကို မြန်မာနိုင်ငံအတွင်းသို့ မှန်မှန်ကန်ကန် ဖိတ်ခေါ်လာနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့အနေနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှ ဌာနဆိုင်ရာတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အလုပ်သမားတွေအပြင် ကြွရောက်လာတဲ့ စာနယ်ဇင်းမီဒီယာတွေနဲ့လည်း လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်လိုတဲ့အကြောင်း ပြောချင်ပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီရဲ့လုပ်ဆောင်မှုအပိုင်းက နှစ်ပိုင်းရှိပါတယ်။ တစ်က Developmentလုပ်မယ့် Project ပိုင်းရဲ့ Invesment Construction ပိုင်းတွေဖြစ်ပါတယ်။ နှစ်က Sales&Marketing ပိုင်းနဲ့ပတ်သက်ပြီး International System Management အနေနဲ့ Project တွေကို ရောင်းချသွားမှာဖြစ်ပါတယ်။ ပထမဆုံး Project ကတော့ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်မှာ68 Residence ကွန်ဒိုမီနီယံပဲဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာက 777Lux ကုမ္မဏီဖြစ်ပေါ်လာအောင် နေ့ရောညပါ အလုပ်လုပ်ကြတဲ့ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်ပါတနာတွေ၊ လုပ်ငန်းခွင်ထဲကို ဝင်လာတဲ့ သက်တမ်းနုနယ်သေးပေမယ့် ကြိုးစားကြတဲ့ ကျွန်တော်ရဲ့ ဝန်ထမ်းတွေ၊ ကျွန်တော့်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ တည့်မတ်စွာ လျှောက်လှမ်းနိုင်အောင် အကြံဥာဏ်တွေ၊ အကူအညီတွေပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ လေးစားထိုက်သူတွေအားလုံး 777Lux ရဲ့လုပ်ငန်းများထဲသို့ ပူးပေါင်းဆောင်ရွက်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ စာနယ်ဇင်းဆရာသမားတွေနဲ့ ဒီနေ့ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ သူက ပြောကြားပေးသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.