မိုးရာသီရောက်ရင် အဖြူရောင် ဝတ်ဆင်တာမျိုးကို ရှောင်တယ်လို့ဆိုတဲ့ ဂျွန်မိုမိုကို

1610090_462461893885006_5932003656031982528_n.jpg

ADDIDAS ရဲ့ Brand Ambassader တစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ်ဂျွန်မိုမိုကို သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုနဲ့အတူ ဖက်ရှင်နဲ့ ပတ်သက်ပြီး သူမရဲ့အမြင်၊ သဘောထားတွေကို မေးဖြစ်ခဲ့တာကတော့ “လတ်တလောမှာတော့ ညီမရိုက်ထားတဲ့ ဗီဒီယိုဇာတ်ကား 4in1 ဆိုတဲ့ ကားလေးထွက်နေပါပြီ။ ဂျာနယ်၊ မဂ္ဂဇင်းကာဗာတွေ အတွက် ဓာတ်ပုံရိုက်ပေးဖြစ်နေပါတယ်။ နောက်ပြီး ခေါင်းလျှော်ရည် တီဗီကြော်ငြာ ရိုက်ထားတာရှိပါတယ်။ ပြီးတော့ MTV တွေရိုက်ဖြစ်တယ်။ နောက်လမှာ ရှိုးလျှောက်ဖို့ရှိပါမယ်။” လို့ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပါတယ်။

ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး “ညီမ အင်တာနေရှင်နယ် သီချင်းတွေ အကုန်နားထောင်ဖြစ်ပါတယ်။ ကြည့်ဖြစ်ပါတယ်။ အဲဒီ့သီချင်းMTV မှာ သူတို့ဆီက ရေပန်းစားနေတဲ့ ဖက်ရှင်စတိုင်လ်တွေကို တွေ့ရတယ်။ မဂ္ဂဇင်းတွေ၊ ဖေ့ဘွတ်တွေပေါ်မှာ ဘယ်လိုဖက်ရှင်ပုံစံတွေ ပေါ်နေတယ်ဆိုတာ လေ့လာဖြစ်တယ်။ ညီမက ဖက်ရှင်ကို အရမ်းဝါသနာပါတယ်။ ဘယ်လို အဝတ်အစားကို ဘယ်လိုဘာလေးနဲ့ တွဲဝတ်ရတယ်ဆိုတာမျိုး ခေါင်းအစ၊ခြေအဆုံးဆင်ပေးရတာကို အရမ်းသဘောကျတယ်။ အရမ်းဝါသနာပါတယ်။ ညီမတကယ်လို့ မော်ဒယ်လ်မလုပ်ဖြစ်တော့ရင် ဖက်ရှင်artist တစ်ယောက်လုပ်ဖြစ်မှာပါ။ ညီမ အဝတ်အစားအပြင်အဆင်တွေ အားလုံးကို ကိုယ့်ဘာသာပဲ စီစဉ်တာပါ။ တစ်ခါတစ်လေမှ အမေနဲ့ တိုင်ပင်ဖြစ်တယ်။ ညီမ အခုတစ်လော ဝတ်ဖြစ်နေတဲ့ ဖက်ရှင်စတိုင်လ်ကတော့ ဂါဝန်အရှည်ကို boot ဖိနပ်အရှည်နဲ့ အပေါ်ကအင်္ကျီလက်အရှည်လေးနှစ်ခု ဆက်စပ်ပြီး ဝတ်ရတာမျိုးကို သဘောကျနေတယ်။ အမြဲတမ်းဝတ်ဖြစ်နေတာက ဘောင်းဘီအရှည်ကို စွပ်ကျယ်နဲ့ အပေါ်ကကုတ်လက်ရှည်ထပ်ပြီး ဝတ်တာမျိုး၊ ဒါမှမဟုတ်ရင် ဘောင်းဘီအတိုကို စွပ်ကျယ်ခါးတိုဝတ်ပြီး အပေါ်က ကုတ်အရှည် ဝတ်လေ့ရှိတာပေါ့။ အခုနောက်ပိုင်းမှ ဂါဝန်အရှည် အင်္ကျီလက်ရှည်ဝတ်နေရတာကို ဘာလို့ သဘောကျနေမှန်း မသိတော့ပါဘူး။ အခုချိန်က မိုးရာသီဆိုပေမယ့် သီးသန့်မိုးရာသီ ဖက်ရှင်ဆိုတာမျိုး ဝတ်လေ့တော့မရှိပါဘူး။ ညီမ စိတ်တိုင်းကျတာပဲ ဝတ်ဖြစ်တာများပါတယ်။ ဒါပေမယ့် မိုးတွင်းမှာ အဖြူဝတ်တာတော့ ရှောင်တယ်။ အခုလို ဖက်ရှင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တိုးတက်လာတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ခေတ်ဆန်တာ ကောင်းပါတယ်။ ခေတ်လွန်ရင်တော့ မကောင်းဘူးလို့ မြင်ပါတယ်။ ညီမက ဖက်ရှင်ဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်ထိ အရေးပါသလဲ ဆိုတာထက် လူတစ်ယောက်ရဲ့ပင်ကိုယ်စိတ်ထား အလှက ပိုပြီးအရေးကြီးတယ်လို့ ယူဆပါတယ်။ ရုပ်မလှရင်တောင် ဖက်ရှင်လှလှ ဝတ်စား တတ်မယ်ဆိုရင် သူ့အလိုလိုကြည့်ကောင်းတဲ့သူ တစ်ယောက်ဖြစ်ပြီးသားပဲလေ။ ရုပ်လှတယ်။ ဖက်ရှင်ကျကျ ဝတ်စားတတ်တယ်။ ဒါပေမယ့် စိတ်ထားမလှရင် ဘယ်လောက်ပဲ လှနေလှနေ သူ့ရဲ့အလှတရားက ပြီးပြည့်စုံမသွားပါဘူး။ ဒါကြောင့် ညီမက ဖက်ရှင်ထက် စိတ်အလှတရားကိုပဲ ပိုပြီးတန်ဖိုးထားပါတယ်”လို့ သူမက ဆိုပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.