အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်ဝန်ဆောင်အတွက် သီးသန့်ဂါဝန်ကြီး တကားကားနဲ့ သွားရလာရတာ နည်းနည်းတော့ ငြီးငွေ့မိမှာပါ။ အမှန်တော့ ခုခေတ်မှာ ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေ ပေါ်ထွက်လာခဲ့ပါပြီ။ ဒါ့ကြောင့် ဖက်ရှင်ကျကျဝတ်ဆင်တတ်တဲ့ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာလည်း ဖက်ရှင်ကျမြဲကျနေစေဖို့ နိုင်ငံတကာက ကိုယ်ဝန်ဆောင်တွေ ဆင်မြန်းတဲ့ ဒီဇိုင်းတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။
၁။ခုနောက်ပိုင်း ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်လာတဲ့ ဘောင်းဘီတွေ ရှိပါတယ်။ မျှော့ကြိုးနဲ့ ဘောင်းဘီမျိုးဆိုရင်လည်း ရပါတယ်။ အပြင်သွားတဲ့အခါ ခုလို ဖက်ရှင်ကျအောင် ဆင်မြန်းနိုင်ပါတယ်။ တစ်ခုပါပဲ။ ဒေါက်ဖိနပ်တော့ မစီးပါနဲ့။ ဒါ ကိုယ်ဝန်အတွက် မသင့်လျော်ပါဘူး။
၂။တီရှပ်အပွတွေကိုလည်း ကိုယ်ဝန်ဆောင်စဉ်ကာလအတွင် ဆင်မြန်းနိုင်ပါတယ်။ ဘောင်းဘီကိုတော့ ဗိုက်အောက်မှာ ၀တ်ဆင်ရမယ်ဆိုတာ သိပြီးဖြစ်မှာပါနော်။
၃။တစ်ဆက်တည်း dress တွေဆိုရင်တော့ ပွဲတက်အတွက် ကောင်းပါတယ်။ လူနည်းနည်းတော့ ကြည့်ခံရမှာပေါ့နော်။ ကိုယ့်ဖက်ရှင်နဲ့ လိုက်ဖက်မယ့် အဆင်တန်ဆာတွေကိုလည်း ဆင်မြန်းလို့ရပါတယ်။
၎။ဘောင်းဘီရှည်တွေထဲမှာလည်း မျှော့ကြိုးသားကို သုံးပြီး ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ချုပ်ထားတဲ့ ဘောင်းဘီဒီဇိုင်းတွေ ရှိနေပါပြီ။
၅။ဒင်နာပါတီတွေအတွက်တော့ ဒီလိုမျိုးdress မျိုးတွေ ၀တ်ဆင်နိုင်ပါတယ်။
Ref:luckymag.com