၁၉၉၀ ခုနှစ်နောက်ပိုင်းလောက်ကစပြီးတော့ လုပ်ဖော်ကိုင်ဖက်များ အချင်းချင်း အလုပ်ဆင်းချိန်များမှာ ဘီယာဆိုင် (သို့) ကလပ်တစ်ခုခုသွားခြင်း၊ သမီးရည်းစားများက နေ့လည်စာ အပြင်များချိန်းပြီးစားတာမျိုးဟာ ယဉ်ကျေးမှုတစ်ခုလိုမျိုး ထွန်းကားလာ ပါတယ်။သောကြာနေ့လိုညမျိုးမှာ အပြင်ထွက်လည်တာမျိုးကလဲ ခေတ်စားလာ ပါတယ်။ ဒီအခါ စဉ်စားသင့်တာက ကိုယ်တိုင်ကပြောင်းလဲရမှာလား ၊ ဒါမှမဟုတ် ယဉ်ကျေးမှုကိုပဲ ပြောင်းပစ်ရမှာလားဆိုတာကိုပါပဲ။
အလုပ်ခွင်မှာ တရားဝင်အရက်သောက်ခွင့် ပြုထားတဲ့အလုပ်က (၉)ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။ အလုပ်ခွင်တော်တော်များများက အလုပ်သမားတွေကို အသောက်အစားနဲ့ပတ်သက်တဲ့ အကြောင်း အသိပညာပေးပို့ချမှု မရှိတာများပါတယ်။ ဒီတော့ အလုပ်ခွင်မှာ အရက်မသောက်ဖို့ (သို့)မူးယစ်ဆေးမသုံးစွဲဖို့ သတိပေးချက် စာတမ်း တစ်ကြောင်းနှစ်ကြောင်းလောက်တော့ ကပ်ထားသင့်ပါတယ် ။
အကယ်၍ အလုပ်သမားတစ်ယောက်ဟာ အသောက်အစားကြောင့်ပြဿနာ တစ်စုံတစ်ရာဖြစ်မယ့် လက္ခဏာမျိုးပြနေပြီဆိုရင်တော့ အလုပ်ခွင်မှာ သူလိုက်နာရမယ့် စည်းကမ်းအချို့ကို ကြိုတင်ရှင်းပြသင့်ပါတယ်။ ဒါဟာ ပြဿနာဖြစ်မှ ထုတ်ပစ်တာထက် စာရင် ပိုမိုသင့်တော်တဲ့နည်းလမ်းပါ။
မိမိရဲ့ အလုပ်ခွင်ပြင်ပအချိန်အပန်းဖြေခြင်းကို မကန့်ကွက်ပေမယ့် အလုပ်အပေါ် အကျိုးသက်ရောက်မှု မဖြစ်အောင်ထိန်းသိမ်းဖို့တော့ လိုအပ်ပါတယ်။ အလုပ်တာဝန် လစ်ဟင်းခြင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ အသောက်အစားနဲ့မူးယစ်ဆေးဝါး အတွက် ငွေကုန်ကျေးကျများခြင်းကြောင့် အလုပ်ခွင်မှာ ငွေကြေးပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ခြင်းမျိုး ရှိလာနိုင်ပါတယ်။ ဒါကြောင့် လူငယ်များအနေနဲ့ စိတ်အပန်းဖြေခြင်း နည်းလမ်းကောင်းတစ်ခုကို ထပ်မံရွေးချယ်ဖို့ လိုအပ်ကြောင်း တင်ပြပေးချင်ပါတယ်။
Ref:The Age