သူများတွေကိုကူညီရတာ ကျွန်မကို ပျော်ရွှင်စေပါတယ်လို့ဆိုတဲ့ Angelina Jolie

angelina_jolie.jpg

 

စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေကို သွားရောက်လည်ပတ်ရတာက သူမကို ပိုပြီးပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်စေတယ်လို့ Angelina Jolie ကယုံကြည်နေပါတယ်။

ကုလသမဂ္ဂနဲ့တွဲဖက်အလုပ်လုပ်ဖို့အတွက် သွားရတဲ့ခရီးတွေကြောင့် Jolie တစ်ယောက် သူမရဲ့ကိုယ်ပိုင်ပြသနာတွေကို မေ့လျှော့ပြီး သူမပိုင်ဆိုင်တဲ့အရာတွေကို တန်ဖိုးထားမြတ်နိုးနေရကြောင်း ပြောပါတယ်။

‘ကျွန်မရဲ့ကိုယ်ပိုင်ပြသနာတွေနဲ့ ဒုက္ခတွေအကြောင်းပိုပြီး စိတ်ဝင်စားခဲ့တဲ့ကာလတစ်ခုကို ကျွန်မဖြတ်သန်းခဲ့ပါတယ်။ ပြီးတော့ ကျွန်မမြေမြှုပ်မိုင်း ဒဏ်ခံရတဲ့သူတွေရှိတဲ့၊ ကျွန်မပထမဆုံးရောက်တဲ့စစ်ဖြစ်ပွားရာနေရာဖြစ်ပြီး အကူအညီတကယ်လိုအပ်နေတဲ့လူတွေကို ရှင်တွေ့ရမယ့် နေရာတွေကို ကျွန်မခရီးထွက်ခဲ့ပါတယ်။ သူတို့ရဲ့ မိဘတွေဒါမှမဟုတ် သားသမီးတွေဘယ်မှာရှိတာလဲဆိုတာတောင်မသိတဲ့လူတွေနဲ့တွေ့တာဖြစ်ပါတယ်။ ပြီးတော့ သူတို့မှာလုံလောက်တဲ့ အစားအစာမရှိကြဘူး။ ပြီးတော့ ရှင်အိပ်ရာကနိုးလာပြီး ရှင့်ပြသနာတွေဟာ (ဒါတွေနဲ့ယှဉ်ရင်) ဘာမှမဟုတ်ပါလားဆိုတာနဲ့တင် ရှင်ကံကောင်းတယ်ဆိုတာသိရမှာပါ။ ရှင်ကိုယ့်အကြောင်းကိုယ် မပူပန်တော့ပဲ အခြားလူတွေကိုစိတ်ပူပေူပြီး ရှင်ရင့်ကျက်လာတာလေ။ ဒါကျွန်မ အတ္တမကြီးအောင် ကူညီပေးပါတယ်။ ပြီးတော့ ဒါကပိုပြီး ပျော်စရာကောင်းတဲ့ဘ၀ပါ။ သူများတွေကို အကူအညီပေးရတာ ပိုကောင်းတဲ့ဘ၀ကိုဖန်တီးပေးပါတယ်’ လို့ဆိုပါတယ်။

Ref:starpulse.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.