မိတ်ကပ်အပြင်အဆင်တွေ လျှော့ချပြီး ကိုယ့်ရဲ့ပင်ကိုယ်အလှကို ထုတ်ဖော်လာကြသူများ

celeb-makeunders-main.jpg

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ မိတ်ကပ်တွေ အလွန်အကျွံလိမ်းပြီး ပရိသတ်ရှေ့ ထွက်ပြရခြင်းကို မုန်းတီးလာခဲ့တဲ့သူတွေ များလာခဲ့ပါပြီ။ သဘာဝအတိုင်း လှပကျော့ရှင်းပြီးသား ကမ္ဘာကျော်အနုပညာရှင်တွေဟာ အရင်လို ထူထူပြစ်ပြစ် မိတ်ကပ်အပြင်အဆင်တွေထက် ခုနောက်ပိုင်း သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းခြယ်မှု၊ သူတို့ရဲ့ ပင်ကိုယ်အလှကို ထုတ်ဖော်ပြသလာခဲ့ကြပါတယ်။ ပရိသတ်တွေ အနေနဲ့ကလည်း ဒီလို ပင်ကိုယ်သဘာဝအတိုင်း သူတို့သဘောကျတဲ့ အနုပညာရှင်တွေကို တွေ့မြင်ရတာ ပိုနှစ်ခြိုက်ကြပါတယ်တဲ့။ ကဲ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ မိတ်ကပ်လိမ်းထားတဲ့ပုံနဲ့၊ မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ပြီး ကြည့်ကောင်းနေတဲ့ ရုပ်ပုံတွေကို ယှဉ်ကြည့်လိုက်ပါဦး။

၁။Nicki Minaj

ဒါကတော့ Nicki Minaj ရဲ့ မိတ်ကပ်ထူလပျစ်လိမ်းထားတဲ့ပုံနဲ့ ဘာမှသိပ်မပြင်မဆင်ပဲ ပွဲတက်လာတဲ့နှစ်ပုံပါ။ အရင်ပုံထက်စာရင် ခုလို မိတ်ကပ်ပါးပါးလေး ခြယ်သပြီးပွဲတက်ရတာ သူ့အတွက်လည်း ဟာသမဖြစ်တော့ဘူးလို့  သူမကတော့ ၀န်ခံထားတာပဲ။ အရင်ထက်လည်း ပိုကြည့်ကောင်းတယ်လေ။

၂။Emilia Clark

ကဲ ယှဉ်ကြည့်လိုက်ပါဦး။ မျက်လုံးတွေ အပြူးအပြဲခြယ်သတာထက် ခုပုံလေးက ပိုငယ်သွားသလို ပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့လည်း ကောင်းသွားပါတယ်။

၃။Angelina Jolie

ဂျိုလီကတော့ ဘယ်အချိန်ကြည့်ကြည့် ညှို့အားပြင်းပြင်းနဲ့ လှနေဆဲပါ။ ခုနောက်ပိုင်း မိတ်ကပ်ပါးပါးလေးနဲ့ ပွဲတက်လာတဲ့ သူမရဲ့အလှကို အားလုံးမြင်တွေ့ခွင့်ရခဲ့တာဖြစ်ပြီး ဒီလိုမပြင်မဆင်အလှကိုသာ ပိုနှစ်သက်ကြပါတယ်တဲ့။

၎။M.I.A

ရက်ပ်ပါမလေးရဲ့ ၂၀၁၀လောက်တုန်းကပုံနဲ့ ခုတော်တော်ကွာသွားပြီနော်။ ပွဲတက်ကိုတောင် မိတ်ကပ်နည်းနည်းနဲ့ ထသွားထလာပြင်ဆင်ခြယ်သမှုနဲ့ တက်လာတာကို တွေ့ရမှာပါ။

၅။Katie Homes

အသက်ငယ်ငယ်တုန်းက မိတ်ကပ်အပြင်အဆင်မျိုးစုံနဲ့ ပွဲတွေတက်လာခဲ့သမျှ ခုအသက်ရလာတဲ့အခါ ဒါတွေကို ဖယ်ခွာပြီး သူမရဲ့ ပင်ကိုယ်အလှကို ပြသခဲ့ပါတယ်။

 

Ref:womenshealthmag.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.