နှစ်စဉ် အမေရိကန်ပြည်ထောင်စုက ဆေးရုံ၊ မီးသတ်ဌာနနဲ့ ရဲစခန်းတွေကို ၁၂ နာရီကြာ ပိတ်တဲ့ ညမှာဖြစ်ပါတယ်။ ရာဇ၀တ်မှုတွေကို တရားဝင်ကျူးလွန်ခွင့်ရတဲ့ ညမှာ လင်မယားနှစ်ယောက်ဟာ သူတို့ကလေးတွေရှိရာအိမ်ကိုကားမောင်းပြီးပြန်လာတာဖြစ်ပြီး ကားက လောင်စာပြတ်သွားတဲ့အခါ ဆိုင်ကယ်စီး မျက်နှာဖုံးဝတ်လူဆိုးတွေ ရန်ကနေ ရှောင်ပြေးရတာဖြစ်ပါတယ်။ အဲဒီ့အချိန်မှာပဲ သူ့သားကို သတ်တဲ့သူကို ကလဲ့စားလိုက်ခြေလိုတဲ့စိတ်နဲ့လမ်းပေါ်ထွက်လာတဲ့ လူတစ်ယောက်၊ အိမ်ဖျက်ဆီးခံရလို့ထွက်ပြေးလာတဲ့ သားအမိနှစ်ယောက်နဲ့တွေ့ဆုံကြပြီး Los Angeles က မင်းမဲ့ဇရိုက်ညမှာ သူတို့ငါးရောက်ရှင်သန်ကျန်ရစ်ဖို့အတွက် ရုန်းကန်ရတာဖြစ်ပါတယ်။
The Purge: Anarchy ဟာအမေရိကန် စွန့်စားခန်း/ထိပ်လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက James DeMonaco ဖြစ်ပြီး ၂၀၁၃ ခုနှစ် The Purge ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Frank Grillo, Zach Gilford, Kiele Sanchez, Michael K. Williams, Carmen Ejogo နဲ့ Billy Parker တို့ဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ထွက်ဖို့စီစဉ်ထားပါတယ်။
Ref:Wikipedia.org