ပြေတီဦးနဲ့ သူ့ရဲ့ရုံမတင်ရသေးတဲ့ ဇာတ်ကားများအကြောင်း

150403_237073649772171_766736099_n.jpg

သရုပ်ဆောင်လောကမှာ ၀ါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပြေတီဦးကို နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးအထူးပွဲမှာ တွေ့ဆုံခိုက် ရုံမတင်ရသေးတဲ့ သူ့ရဲ့ဇာတ်ကားတွေနဲ့ ပတ်သက်ပြီးတော့ မေးကြည့်ဖြစ်တဲ့အခါ  “ရုံမတင်ရသေးတဲ့ အစ်ကို့ကားတွေက တိုက်ဆိုင်မှုရှိလျှင် ဆိုတဲ့ကားရယ်၊ နှလုံးသားဖြင့်ပြုလုပ်သည် ဆိုတဲ့ကား၊ နောက် မော်ဒန်ရာဇ၀င်တို့ပေါ့။ တိုက်ဆိုင်မှုရှိလျှင်မှာ အစ်ကိုက ဆရာဝန်တစ်ယောက်ပေါ့။ ဒရာမာဆန်တယ်။ အဲဒီကားလေးက ရိုမန့်စ်တော့ မဟုတ်ဘူး။ ပရိသတ်ကြိုက်နိုင်မဲ့ ကားတစ်ကားပါ။” လို့ သူကပြောပါတယ်။

 ခုလတ်တလော သူ့ရဲ့အနုပညာလှုပ်ရှားမှုအကြောင်းနဲ့ ပုဒ်မ ၄၃၆နဲ့ ပတ်သက်ပြီးတော့လည်း သူက “ခုရိုက်နေတဲ့ကားလေးက ပတ်လည်ရိုက်စားတဲ့။ မင်းသမီးက ၀ိုင်းစုခိုင်သိန်းပါ။ ဒါရိုက်တာက ကိုမိုက်တီး၊ လူရွှင်တော်တွေ အများကြီးပါတယ်။ ဟာသကားလေးပေါ့။ ဒီနှစ်ထဲမှာ ကိုဝိုင်းနဲ့ရုပ်ရှင်ကားကြီးရိုက်ဖို့ရှိတယ်။ ဒီနေ့တော့ ဇာတ်ညွှန်းပြီးပြီလို့ပြောတယ်။ သေချာလေး လုပ်နေတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သတ်ပြီးတော့လဲ အစ်ကို လက်မှတ်ထိုးပြီးသွားပြီ။ ပုဒ်မ ၄၃၆ ကို အရင်ဆုံးနားလည်အောင် ကြိုးစား သင့်တယ်လို့ထင်တယ်။ တကယ်နားလည်ပြီးတကယ်ဖြစ်သင့်မှ လက်မှတ်ထိုးတာအကောင်းဆုံးပါပဲ”တဲ့။

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.