အမြင့်ဆုံး solo album ကို ပြင်ဆင်နေပြီလို့ပြောလာတဲ့ X Box

1459175_10201305158927799_1201670102_n.jpg

X Box လို့ဆိုလိုက်ရင် hip hop မြူးဇစ်ကို စဉ်ဆက်မပြတ် နားထောင်လာကြတဲ့ လူငယ်ပရိသတ်တွေ အားလုံးသိပြီးဖြစ်မှာပါ။ Underground လောကမှာ နာမည်ရလာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ X Box ဟာ လက်ရှိမှာ အမြင့်ဆုံးလို့ ပေးထားတဲ့ solo album ကို ပြင်ဆင်နေပြီလို့ ပြောလာတာကြောင့် အခွေအကြောင်း သိချင်တာလေးတွေ မေးမြန်းကြည့်တဲ့အခါ

ခု လုပ်နေတဲ့ အခွေလေးက solo album ပေါ့။ အမြင့်ဆုံးလို့ပေးထားတယ်။ အကောင်အထည်လဲ ဖော်နေပါပြီ။ လောလောဆယ်ကတော့ အတွဲခွေအတွက် အရင်ပြင်ဆင်နေတယ်။ အဲဒါလေးက အရင်ထွက်မှာပေါ့နော်။ အဲဒီကြားထဲမှာမှ အားရင်အားသလို တစ်ကိုယ်တော်ကို လုပ်နေတာပေါ့နော်။ အတွဲခေါ်မှာက ကျွန်တော်ရယ်၊ Lil’z ရယ်၊ ထက်ယံရယ်၊ နောက်ထပ် အဆိုရင်ရှင်ကတော့ မသိရသေးပါဘူး။ လူငယ်အဆိုရှင် ၄ ယောက်ပေါင်းပြီးတော့ အခွေလေးတစ်ခွေထွက်ဖို့ရှိတာပါ။

-X Box ကို ခုဆိုရင် အရင်ကထက် ပရိသတ်တွေပိုသိလာကြပြီဆိုတော့ အဲ့ဒီအပေါ်မှာဘာတွေပြောင်းလဲမှုရှိလဲ။

ကိုယ့်ကိုကိုယ်တော့ အောင်မြင်တယ်လို့ မခံယူထားပါဘူး။ နာမည်ကြီးတယ်လို့လဲ မထင်မိသေးပါဘူး။ ကျွန်တော့်ကို ကြိုက်တဲ့ ပရိသတ်တွေ လူအကောင်လိုက်မြင်ရတယ်လို့ပဲ ထင်ဟပ်စေမိပါတယ်။ ဒီ့ထက်ပိုပြီး ကြိုးစားရမယ်လို့ပဲ ထင်မိပါတယ်။

-စနေ၊ ဗုဒ္ဓဟူး သီချင်းလေးက အရမ်းပေါက်တယ်နော်။

ဟုတ်၊ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ ရဲရင့်အောင်နဲ့က ညီအစ်ကိုလို သူငယ်ချင်းလို ပေါင်းသင်းလာခဲ့တာ တော်တော်လေးကြာပါပြီ။ အဲဒီထဲက သီချင်းတွေလုပ်မယ်လုပ်မယ်နဲ့စနေ၊ ဗုဒ္ဓဟူးသီချင်းလေးကို စလုပ်ဖြစ်တာပေါ့နော်။

-အမြင့်ဆုံးကို အခွေ title အဖြစ်ရွေးချယ် ပေးဖြစ်ခဲ့တာက ကိုဂျေမီနဲ့တွဲလုပ်ထားတဲ့ သီချင်းလေးမို့လို့လား။

အဲသီချင်းလေးက ကျွန်တော့်ဘ၀အစ ဖြစ်တဲ့အတွက်ဒီသီချင်းလေးကိုပဲ အခွေ title အဖြစ်ပေးခဲ့တာပါ။ ကိုဂျေမီနဲ့ရဲရင့်အောင်ကတော့ သေချာပါတယ်။ သူတို့နှစ်ယောက်ကသေချာတယ်။ ကျွန်တော်နဲ့လက်တွဲဖော်ဖြစ်နေပြီးသားဆိုတော့၊ ကျန်တဲ့လူတွေကတော့ မသေချာသေးပါဘူး။

-အမြင့်ဆုံးအခွေက လူငယ်ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့် အခွေဖြစ်မယ်လို့ ထင်ပါသလား။

သေချာတာကတော့ လူငယ်အများစုဆီသွားမယ်။ လူကြီးတွေကြားထဲမှာလည်း သဟဇာတဖြစ်စေမယ့် မြူးဇစ်တွေ ကိုချပြသွားမှာပါ။

-အတွဲဆိုထားတဲ့ သီချင်းတွေ ပေါက်တယ်လို့ရော ခံစားမိလား။

အင်းပေါ့နော်။ ပြောချင်တာက ဒါက ကျွန်တော်တစ်ယောက်တည်း ဦးနှောက်မဟုတ်တော့ပဲနဲ့၂ယောက်လုပ်ထားတာဆိုတော့ ပိုပြီး ရသမြောက်တယ်လို့ ခံစားရင် ခံစားရပါလိမ့်မယ်။ ဒီ့ထက်ပိုပြီးလဲကြိုးစားရပါဦးမယ်။ အမြင့်ဆုံး အခွေလေးကတော့ နောက်နှစ်က ကျိန်းသေပါတယ်။ စီဒီပဲ အရင်ထွက်မယ်။ အမ်တီဗီကလဲ တွဲလုပ်ရင် လုပ်မယ်။ သေချာတာက နောက်နှစ်ထိ အချိန်ယူထားတယ်ဆိုတော့ နှစ်ခုစလုံး တွဲလုပ်ချင် လုပ်မှာပေါ့နော်။

-အစ်ကို့ကို အားပေးတဲ့ ပရိသတ်တွေကိုရောဘာများပြောချင်ပါသေးလဲ။

ကျွန်တော်သီချင်းတွေ အများကြီးလုပ်သွားပါဦးမယ်။ ကျွန်တော့ကို စေတနာထားပြီး အားပေးတဲ့တွက် ကျွန်တော့် သီချင်းလေးတွေ ပေါက်ရောက်မှုအပေါ် ကျွန်တော် အရမ်းပီတိဖြစ်တယ်။ အဲဒီအတွက် အားပေးတဲ့ ပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်တယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.