မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော Online Music Store ကနေ သီချင်းတွေ ဝယ်ယူနားဆင်နိုင်ပြီဖြစ်တဲ့ Myanmar Music Store

anliungcttiumg_3146_3_resize.jpg

မြန်မာနိုင်ငံမှာ ပထမဦးဆုံး Online Music Store ဖြစ်တဲ့ Myanmar Music Store စာနယ်ဇင်းရှင်းလင်းမိတ်ဆက်ပွဲကို ဇွန်လ၆ရက်နေ့က Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ဒီအခမ်းအနားကို ဂီတအနုပညာရှင်သမားတွေ စုံလင်စွာ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။ Myanmar Music Store ရဲ့ Website ဖြစ်တဲ့ www.myanmarmusicstore.com ကို အသုံးပြုပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်မာတေးသီချင်းပရိသတ်တွေ မိမိနှစ်သက်ရာ မြန်မာသီချင်းတွေကို နမူနာအဖြစ် တစ်မိနစ်စာ နားဆင်ခံစားနိုင်ပြီး သီချင်းအယ်လ်ဘမ် တစ်ခုလုံးပဲဖြစ်ဖြစ်၊ တစ်ပုဒ်ခြင်းပဲဖြစ်ဖြစ် ဝယ်ယူနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေအနေနဲ့ကတော့ MMS Gift Card၊ YPAY ၊ Myanpay၊ Master Card ၊ Visa Card၊ Mobile Phone Bill တွေ အသုံးပြုကာ ဝယ်ယူနိုင်ပါပြီ။ နောက်ပြီး မိုဘိုင်းဖုန်းကိုင်ဆောင်သူတိုင်း မြန်မာ့ဆက်သွယ်ရေး SMS စနစ်နဲ့ 3G Internet ကို အသုံးပြုပြီး အလွယ်တကူ ဝယ်ယူနိုင်ရုံမက အခြားသူများထံကိုလည်း လက်ဆောင် ပေးပို့နိုင်ပါသေးတယ်။

ပြီးတော့ ကိုယ်ဝယ်ယူချင်တဲ့သီချင်းတွေကို အမျိုးအစားအလိုက်၊ အယ်လ်ဘမ်အလိုက်ကို မြန်မာ၊ အင်္ဂလိပ် သီချင်းအမည်၊ တေးသံရှင်အမည် ရိုက်ထည့်ပြီး အလွယ်တကူရှာဖွေနိုင်ပါတယ်။ Andriod OS စနစ်သုံးတဲ့ မိုဘိုင်းဖုန်းတွေက MMS မိုဘိုင်း APP ကို Google play store \ 1 Mobile Market တို့ကနေ ရယူကာတေးသီချင်းတွေကို တိုက်ရိုက်Download ပြုလုပ်နိုင်ပါသေးတယ်။ တစ်ကြိမ်ဝယ်ယူပြီးတဲ့ သီချင်းကို နောက်တစ်ခါ ထပ်မံဝယ်ယူဖို့ မလိုတော့ပဲ အချိန်မရွေးပြန်လည် Download ပြုလုပ်လို့ရပါတယ်။ သီချင်း အယ်လ်ဘမ်တစ်ခုလုံး ဝယ်ယူသူတွေကို လက်ဆောင်အဖြစ်နဲ့ သီချင်းစာသား PDF File နှင့် MTV သီချင်းတွေ ရမှာပါ။ အခွေမထွက်ခင်မှာလည်း Pre Order အဖြစ် ကြိုတင်မှာကြားထားနိုင်ပါတယ်။ IOS စနစ်သုံးတဲ့ Apple Device များအတွက်ကတော့ MMS Mobile APP ကို i Tunes store တွင်ရယူပြီး iTunes account နဲ့ ဝယ်ယူကာ Download လုပ်နိုင်ပါတယ်။ နိုင်ငံခြားကသီချင်းတွေကို ဝယ်ယူချင်သူတွေအတွက်လည်း paypal စနစ်နဲ့ ဝယ်ယူနိုင်ပါတယ်လို့ Myanmar Music Store မှတာဝန်ရှိသူတစ်ဦးကပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အဆိုတော်မျိုးကျော့မြိုင်က မိတ်ဆက်အမှတ်တရစကားပြောကြားပေးခဲ့တာကတော့ “အခုလိုမျိုး အင်တာနက်ကိုသုံးပြီး သီချင်းတွေကို လွယ်ကူစွာ ဝယ်ယူနိုင်တာကို ကမ္ဘာမှာလည်း လုပ်နေကြပါပြီ။ ကျွန်တော်ကလည်း မြန်မာပြည်မှာ ဒီလိုအွန်လိုင်းမျိုးကို ရှိစေချင်တာ ကြာပါပြီ။ ကျွန်တော်က သီချင်းအခွေတွေလည်း ထွက်ဖူးခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ထပ်ထွက်မယ့်သီချင်းအခွေတွေ၊ အခွေတွေအတွက် ဒီလိုအွန်လိုင်းစတိုးမျိုးရှိတော့ up date ဖြစ်တာပေါ့။ အရမ်းကိုအဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဂီတသမားတွေအတွက် ထုတ်လုပ်ပေးတဲ့ ထုတ်လုပ်သူတွေ၊ ဖြန့်ချိသူတွေကလည်း လူတွေဆီကို အကုန်လုံးရောက်ရှိအောင် လို့တော့မလုပ်ပေးနိုင်ကြပါဘူး။ အဲဒီတော့ အနုပညာသမားတွေက ကိုယ့်ဘာသာကိုပဲ လူအားစိုက်ထုတ်နေရတယ်လို့ မြင်ပြီး ယုံကြည်ချက်တွေကို ပျက်သုန်းသွားစေပြီး စိတ်ဓာတ်ကျသွားကြတာ များပါတယ်။ နောက်ထပ်သီချင်းအခွေတွေ ထပ်လုပ်ဖို့ ဖန်တီးဖို့ယုံကြည်မှုတွေပျောက်ကုန်တာပေါ့။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် အနုပညာသမားတစ်ယောက် အဆိုတော် တစ်ယောက်ဖြစ်နေတဲ့အတွက် အဆိုတော်တွေဘက်ကိုပဲ ထည့်တွေးစဉ်းစားပြီးပြောပြခြင်းဖြစ်ပါတယ်။ ပြီးတော့ အခုလိုမျိုးအွန်လိုင်းစတိုးရှိတော့ ကျွန်တော်တို့ရဲ့up to date ဖြစ်နေမယ့်သီချင်းတွေက ဝယ်ယူချင်တဲ့သူတွေဆီကိုရောက်သွားမယ်လို့ မြင်ပါတယ်”လို့ သူက ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

               

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.