Time မဂ္ဂဇင်းရဲ့ တစ်နှစ်စာအကောင်းဆုံးသီချင်း ၂၅ပုဒ်မှာ ပါဝင်ခဲ့တဲ့ Girls’ Generation ရဲ့ Mr. Mr

image-jpg.jpg

Kpop အဖွဲ့တွေထဲမှာ မသိသူမရှိလောက်အောင် နာမည်ရနေပြီးသား Girls' Generation အဖွဲ့ကို အားလုံးသိပြီးသား ဖြစ်ပါတယ်။ မိန်းကလေးအဖွဲ့ဝင် ကိုးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Girls' Generation ဟာ သူတို့ရဲ့နောက်ဆုံးထွက် ရှိထားတဲ့ single သီချင်းဖြစ်တဲ့ Mr.Mr အတွက် ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ခုချိန်ထိ အလုပ်ရှုပ်နေဆဲပါ။ သို့ပေမယ့် အခြေအနေကောင်းလွန်းနေတဲ့ Mr.Mr သီချင်းဟာ ကိုရီးယား၊ ဂျပန်နဲ့ အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေ ထိပါ ထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတာကို ခု Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး သီချင်း ၂၅ပုဒ်စာရင်းကို ကြည့်ရင် သိမှာပါ။ Mr.Mr သီချင်းကို ကလို့ကောင်းတဲ့ အီလက်ထရောနစ်မြူးဇစ် ဖြစ်တယ်လို့ Global Post မှာလည်း သုံးသပ်ခြင်း ခံထားရပါတယ်။ ဒီလို Time မဂ္ဂဇင်းက ရွေးချယ်ထားတဲ့ အကောင်းဆုံးသီချင်းစာရင်းမှာ ပါဝင်ခဲ့တာမို့ Girls' Generation အဖွဲ့ဝင်တွေအနေနဲ့ ပျော်ရွှင်ဝမ်းမြောက်တဲ့အပြင် ဂုဏ်လည်းယူတယ်လို့ စာနယ်ဇင်းတွေမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Ref:kpopstarz.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.