ချားလ်စ် မင်းသားနဲ့ ဒိုင်ယာနာမင်းသမီးတို့ ရဲ့ သားကြီး၊ အဲလိဇဘက် ဘုရင်မကြီးရဲ့ မြေးတော်၊ ကိန်းဘရစ်မြို့  စား မင်းသား William က သူဟာ nu-metal တီးဝိုင်း Linkin Park နဲ့ rock တီးဝိုင်း Coldplay တို့ ရဲ့ အမာခံ ပရိသတ်ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ Chester Bennington ရဲ့ nu-metal အဖွဲ့  Linkin Park ဟာ သူ့ အကြိုက်ဆုံးဝိုင်းဖြစ်ပြီး Chris Martin ရဲ့ Coldplay ကလည်း သူအကြိုက်ဆုံး ရော့ခ်တီးဝိုင်းလို့ ဆိုပါတယ်။
မင်းသားဟာ အရှေ့ ယော့ခ်ရှိုင်းယား စီရင်စု၊ Goole အထက်တန်းကျောင်းကို အလည်အပတ် ခရီးစဉ်မှာ ပြောကြားခဲ့တာပါ။ လူငယ်တွေကို လေးစားအတုယူစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့  စည်းထားတဲ့ Skillforce ဆိုတဲ့ တော်ဝင်လူမှုအဖွဲ့ ရဲ့ အစီအစဉ်နဲ့  မင်းသား William လာရောက်ပြီး ကျောင်းသူကျောင်းသားတွေနဲ့  တွေ့  ဆုံခဲ့တာဖြစ်ပါတယ်။
“ ငါ မင်းတို့ အရွယ်တုန်းက ပီယာနို၊ ထရမ်းပက်နဲ့ ဒရမ်တွေ တီးခဲ့တယ်။ ဒါပေမယ့် ဂီတသင်္ကေတတော့ မဖတ် တတ်ဘူးကွ” လို့ ကျောင်းတီးဝိုင်းနဲ့ တွေ့ ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
Edinburgh မြို့ စား၊ အဲလိဇဘက်ဘုရင်မရဲ့ ခင်ပွန်း မင်းသား Philip ချီးမြှင့်ထားတဲ့ ဆုရ ကျောင်းသားတွေနဲ့  စကားပြောဆိုခဲ့ရာမှာ မင်းသားက ပါစတာအသင့်ခေါက်ဆွဲခြောက်နဲ့ ချိစ် တို့ က သူ့ ရဲ့အကြိုက်ဆုံး အစားအစာတွေလို့ ဟာသလုပ်ပြောဆိုခဲ့ပါသေးတယ်။
Ref: Mirror.co.uk