တောင်ကိုရီးယား ပုံပေါက်အောင် ၁၀ ကြိမ်ခွဲစိမ်မှုပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်လူမျိုး

brazilian_man_had_10_operations_to_look_south_korean_3.png

 

ဆံပင်အ၀ါရောင် မျက်လုံးအပြာရောင်ရှိတဲ့ လူဖြူဘရာဇီးလ်လူမျိုးတစ်ယောက်ဟာ အာရှသားတစ်ယောက်နဲ့တူအောင်လို့ သမရိုးကျမဟုတ်တဲ့ ခွဲစိမ်းမှု အဆင့်ဆင့်ကိုပြုလုပ်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် Xiahn ဟာ K-pop ဂီတနဲ့ ကိုရီးယား ဒရာမာဇာတ်ကားတွေကိုနှစ်သက်ပြီး တောင်ကိုရီးယားမှာ ကျောင်းသားအဖြစ်ပညာသင်ယူနေတုန်း ဒေသခံကိုရီးယားလူမျိုးတွေလိုမျိုး ရုပ်ရည်ကိုပိုင်ဆိုင်လိုစိတ်ပြင်းပြလာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ Dongseo တက္ကသိုလ်မှာ တစ်နှစ်ပညာသင်ခဲ့မှုက သူ့ရဲ့ စောင်းနေတဲ့ မျက်လုံးနဲ့မဲမှောင်တဲ့ဆံပင် ကိုပိုင်ဆိုင်လိုတဲ့ စိတ်ကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။

‘ကျွန်တော့်ရဲ့မျက်လုံးအောက်မှာ လက်ထည့်ပြီးဆွဲ့ကြည့်လိုက်ရင် ဒါကျွန်တော်မျက်လုံးကို ဖြစ်စေချင်တဲ့ပုံစံပါ’ လို့ ဘရာဇီးလ်သတင်းစာ Zero Hora ကိုပြောပါတယ်။

Xiahn ဟာသူဆန္ဒရှိတဲ့ရုပ်ရည်ဖြစ်တဲ့ သဘာဝအတိုင်းမွေးလာတဲ့ အာရှသားတစ်ယောက်ရဲ့ရုပ်ကိုရဖို့ ဒေါ်လာ ၃၀၀၀ ထက်မနည်းတဲ့ငွေနဲ့ ခွဲစိပ်မှုပေါင်း ၁၀ ခုကျော်ကိုပြုလုပ်ခဲ့ရပါတယ်။

‘ကျွန်တော်ထင်တာတော့ ဟုတ်တယ် ကျွန်တော်လိုချင်တာရပြီ။ နောက်ဆုံးရလဒ်အနေနဲ့ ရောင်ရမ်းမှုတွေ (သက်သာသွားဖို့) ကိုကျွန်တော့် စောင့်ရမှာ’ လို့ပြောပါတယ်။

‘တစ်ခုခုမှားယွင်းသွားမှာကို ကျွန်တော်မကြောက်ခဲ့ပါဘူး။ ဒါပေမယ့် မျက်လုံးမှာအမာရွတ်တွေနဲ့ ပလတ်စတစ်ရုပ်ပုံပေါက်နေမှာကိုပဲ ကြောက်တာပါ။ ဒါပေမယ့် အားလုံးအဆင်ပြေသွားပါတယ်။ ကျွန်တော့် အမြင်ကပြီးပြည့်စုံပါတယ်’ လို့ပြောပါတယ်။

မူလအမည် Max ဆိုသူရဲ့ မူလ ရုပ်ရည်ကိုမှတ်မိနိုင်စေတဲ့ တစ်ခုထဲသောအရာကတော့ သူ့နှာခေါင်းပုံစံပါ။

မျက်လုံးရဲ့သဏ္ဍန်ကိုပြောင်းဖို့အတွက် ခွဲစိပ်မှုအပြင် မျက်ကပ်မှန်အနက်တပ်ဆင်တဲ့အပြင် သူ့ဆံပင်ကို အနက်ရောင်ဆေးဆိုးခဲ့ပါတယ်။

ဒီခွဲစိပ်မှု အစီအစဉ်တွေကိုလုပ်ဆောင်ဖို့အတွက် ဘရာဇီးလ်ခွဲစိပ်ဆရာဝန်တွေကိုရှာဖွေခဲ့တာဖြစ်ပြီး သူ့ရွေးချယ်မှုကို ဖခင်ဖြစ်သူကအားပေးခဲ့တာဖြစ်ပါတယ်။

Ref:dailymail.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.