Twilight မင်းသား Robert Pattinson ပါဝင်သရုပ်ဆောင်ထားတဲ့ ရာဇ၀တ်မှုနောက်ခံ ဒရာမာဇာတ်ကား The Rover
ကမ္ဘာ့စီးပွားရေးပျက်ကပ်အပြီး ၁၀ နှစ်ကြာမှာ ကြမ်တမ်းရက်စက်တဲ့ စစ်သားဟောင်းတစ်ယောက်ဟာ သူ့တစ်ခုထဲသောပိုင်ဆိုင်မှု တစ်ခုကို ခိုးယူသွားတဲ့သူကို ခြေရာခံလိုက်နေတာဖြစ်ပါတယ်။ ဥပဒေစိုးမိုးမှုမရှိတဲ့ ဩစတြေးလျရဲ့ရပ်ဝေးဒေသထဲ သူခရီးသွားနေချိန်မှာ အယုံလွယ်ပြီး သူ့ခရီးစဉ်အကြောင်းကိုမသိတဲ့ လူငယ်လေးတစ်ယောက်ကို နောက်လိုက်တစ်ယောက်အဖြစ် ခေါ်ဆောင်လာခဲ့ပါတယ်။
The Rover ဟာ ရာဇ၀တ်မှုနောက်ခံ ဒရာမာ ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ David Michod ကရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် Guy Pearce, Robert Pattinson နဲ့ Scoot McNairy တို့ပါဝင်ထားတာဖြစ်ပါတယ်။ ဩစတြေးလျနိင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ ထုတ်မှာဖြစ်ပါတယ်။
Ref:imdb.com
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။