ထင်းဆိုတဲ့ တေးစီးရီးနဲ့အတူ ပရိသတ်ရှေ့ရောက်ရှိလာပြီဖြစ်တဲ့ X GALZ

10273966_332232953590730_8443749494709652606_n.jpg

အိမ်မက်ဆုံရာ ကနေတစ်ဆင့် အနုပညာဂီတ ရေစီးကြောင်းလမ်းပေါ်မှာ လျှောက်လှမ်းခွင့်ရခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ girl band တစ်ခုဖြစ်တဲ့ X GALZ အဖွဲ့ကို တေးစီးရီးအခွေထွက်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး X GALZ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သဇင်ဖူးကို မေးဖြစ်ခဲ့တဲ့အခါ “ညီမတို့အဖွဲ့မှာ အိမ့်ဆုမွန်၊ ဝေလေး၊ Sarah နဲ့ သဇင်ဖူးဆိုပြီး အဖွဲ့ဝင်လေးယောက် ပါဝင်ပါတယ်။ ညီမတို့ရဲ့ အခွေနာမည်ကို ထင်းလို့ပေးထားတယ်။ ထင်းဆိုတာ လောင်မြိုက်တာ။ ကောင်မလေးက အနစ်နာခံပြီး သူမွေးဖွားလာတာ ကောင်လေးအတွက် မွေးဖွားလာတာလား ဆိုတာမျိုး၊ သူမွေးဖွားလာကတည်းက ဒီကောင်လေးအတွက်ပဲ လုပ်ပေးလာခဲ့ရတာပေါ့နော်။ ကောင်လေးအတွက် အရာရာဖြည့်ဆည်းပေးတဲ့သူ။ ကောင်မလေးဘက်ကနေ ခံစားပြီး ရေးထားပေးတဲ့ သီချင်းပေါ့၊ တကယ်လို့ နင်ကသာ မီးမွှေးမယ်ဆို ငါက ထင်းလေးတစ်ချောင်းဖြစ်ဖို့ အဆင်သင့်ပဲဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီသီချင်းလေးကို ကိုသွန်းဖြူ ရေးပေးခဲ့တာပါ။

အခွေထဲမှာသီချင်းဆယ့်တစ်ပုဒ်ပါပြီး Pop၊ electro music ပုံစံမျိုးပါဝင်ပါတယ်။ သီချင်းအေးအေးလေးတွေ ပါတာများပါတယ်။ တေးရေးဆရာတွေက ကိုသားကြီး၊ ကိုAr-T၊ ကိုရဲရင့်အောင်၊ ကိုသားသား၊ Bobby Soxer ၊ ကိုဇေရဲ၊ မရည်မွန်၊ ကိုအားနွန်၊ ကိုဆလိုင်းနဲ့ ကိုသွန်းဖြူ တို့ရေးပေးထားကြတယ်။ ဒီအခွေလေးရဲ့ ဗီစီဒီကိုလည်း စရိုက်တော့မှာပါ။ အက dance version ပုံစံမျိုးနဲ့လည်း ရိုက်မယ်။ ပြီးတော့ ယိုးဒယားပုံစံနဲ့ နိုင်ငံခြားပုံစံမျိုးတွေကို မှီငြမ်းပြီး ရိုက်မယ်လို့စဉ်းစားထားပါတယ်။ ညီမတို့က ရိုက်ချင်နေတာတော့ အများကြီးပါပဲ။ ဒါပေမယ့် အကဘက်ကို အသားပေးပြီး ရိုက်သွားမှာပါ။ ညီမတို့X GALZ ဆိုပြီးအဖွဲ့ဖွဲ့ထားတာတော့ တစ်နှစ်ကျော်တော့ရှိသွားပါပြီ။ ပရိသတ်တွေသထိထားမိသွားတာက Bo Bo သုံးနှစ်ပြည့် အခွေထဲက Girlfriend ဆိုတဲ့ သီချင်းလေးနဲ့ သိသွားခဲ့တယ်။ ဒါပေမယ့် ညီမတို့ကို အိမ်မက်ဆုံရာမှာ စသိတယ်လို့ ထင်ပါတယ်။ ပြီးတော့ New Angel ဆိုတဲ့ သီချင်းတစ်ပုဒ်ကို You Tube ပေါ်တင်ခဲ့တယ်။ အဲဒီ့သီချင်းလေးကိုလည်းပရိသတ်တွေ သိကြမယ်လို့ထင်တယ်။ ဒါပေမယ့် Girlfriend သီချင်းကိုတော့ ပိုကြိုက်ကြတယ်လို့ ပြောပါတယ်။  ညီမတို့က ဂီတလမ်းကြောင်းပေါ်ကို မလျှောက်လှမ်းခင်အရင်က Jade Dragon အဖွဲ့မှာပါဝင်ပြီး အကဘက်မှာ လျှောက်လှမ်းခဲ့တာပါ။  ပြီးမှ ဂီတဘက်ကို ကူးပြီးလျှောက်လှမ်းဖြစ်ခဲ့တာပါ။ ညီမတို့ကြိုးစားတာကို ပရိသတ်ကလက်ခံပေးပါ။ နားလည်ပေးပါ။ မှားတာရှိရင်လည်း ခွင့်လွှတ်ပေးပါ။ အကောင်းဆုံး ဖြစ်အောင်ကြိုးစားသွားမှာပါ”လို့ ဆိုပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.