ဘရာဇီးနိုင်ငံက လက်ခံကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ စတင်ကျင်းပဖို့ ရက်အနည်းငယ်သာ လိုတော့တဲ့အချိန်မှာ နိုင်ငံတွင်း ကမ္ဘာ့ဖလားပွဲကို ဆန့် ကျင်တဲ့ ဆန္ဒပြပွဲတွေ မြို့ တော် ရိုယိုဒီဂျနေးရိုး မှာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ သောကြာနေ့ ကလည်း ကြွေးကြော်ဟစ်ကြွေးလာတဲ့ လူအုပ်ကြီးဟာ မြို့  လယ်ကောင်ဆီ ချီတက်လာခဲ့ပြီးနောက် ရဲတွေနဲ့ ထိပ်တိုက်တွေ့ ခဲ့ပါတယ်။
အွန်လိုင်း ဆိုရှယ်နက်ဝေါ့ခ်တွေကနေတဆင့် စုရုံးခဲ့တဲ့ ဆန္ဒပြလူအုပ်ကြီးဟာ ရီယိုဒီဂျနေးရိုးမှာ နှစ်စုအနည်းဆုံး ရှိခဲ့တယ်လို့ O Globo သတင်းဌာနက တင်ပြခဲ့ပါတယ်။
ယခုဖြစ်ရပ်မတိုင်ခင်ကတည်း နိုင်ငံတွင်း မတည်ငြိမ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သောကြာနေ့ မှာ ဆန္ဒပြမှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေဟာ မျက်နှာဖုံးစွပ်တွေ၊ အနက်ရောင်ဝတ်စုံတွေဝတ်ဆင်ကာ ကမ္ဘာ့ဖလားပွဲ ဆန့် ကျင်တဲ့ သင်္ကေတတွေ၊ ဆောင်ပုဒ်တွေ ကိုင်ဆောင်ဟစ်ကြွေးဟာ ဆန္ဒပြခဲ့ကြပါတယ်။ “ ငါတို့ ကျောင်းတွေ၊ မြေအောက်လမ်းတွေ၊ ရထားတွေ၊ ဘတ်စ်ကားတွေ၊ နဲ့ အဆင့်မီ ဆေးရုံတွေလိုချင်တယ်၊ FIFA” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ကျောင်းဆရာ၊ဆရာမ တွေကလည်း သောကြာနေ့ ဆန္ဒပြပွဲမှာ ပါဝင်ဖို့  တိုက်တွန်းခံခဲ့ရတယ်လို့ သိရပါတယ်။
ဘရာဇီးနိုင်ငံသားအများစုဟာ ကမ္ဘာ့ဖလားပွဲအတွက် ကုန်ကျမယ့်ငွေတွေကို လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံ၊ အစိုးရ၀န်ဆောင်မှုစနစ်၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပေါ် မြှပ်နှံသင့်တယ်လို့  ယူဆနေကြပါတယ်။
Ref: bbc.com