အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့အလှကုန်ပစ္စည်းတွေကို ကိုယ့်အိမ်မှာရှိပြီးသား အရာတွေနဲ့ အသုံးဝင်အောင် ထားသိုနိုင်ပါတယ်။ သပ်သပ်ရပ်ရပ်လည်းဖြစ်၊ နေရာလည်း မယူတော့အောင် ကိုယ့်ရဲ့အလှကုန်တွေကို ဘယ်လိုထားသိုမလဲ ဆိုတာ အပိုင်း(၁)မှာ ဖော်ပြထားပြီးပြီမို့ ခု အပိုင်း (၂)မှာ ဘယ်လိုအချက်တွေ ထပ်မံပါဝင်လာဦးမလဲဆိုတာ ကြည့်ကြည့်ရအောင်။
၈။ဖြောင့်စက်တွေ၊ အပူချောင်း အားလုံးကို ခုလို ဗီရိုတစ်ခုရဲ့ တံခါးမှာ သပ်သပ်ရပ်ရပ်လေး ချိတ်ဆွဲထားလိုက်ပါ။ ဒါဆို သပ်ရပ်ပြီး ကြိုးတွေလည်း ရှုပ်မနေတော့ဘူးပေါ့။
၉။အလှကုန်ပစ္စည်းတစ်ခုချင်းစီကို ခုလို အိတ်လေးတွေထဲ သီးသန့်ထည့်ပြီး ချိတ်ဆွဲထားနိုင်မယ်ဆိုရင် ကြည့်ရတာ သေသေသပ်သပ်နဲ့ ကိုယ်လိုချင်တဲ့ပစ္စည်းကိုလည်း အလွယ်တကူ ယူနိုင်မှာပါ။
၁၀။အိမ်မှာ ၀ိုင်တင်တဲ့ စင်လေးတွေရှိတယ်ဆိုရင်တော့ ခုလို အလှကုန်တွေတင်ဖို့အတွက် အသုံးဝင်ပြီပေါ့။
၁၁။ရေခဲသေတ္တာထဲက ရေခဲခွက်လေးတွေကလည်း ခုလို အိုင်ရှဲဒိုးဗူးလေးတွေ ထည့်ဖို့ သင့်တော်ပါတယ်။
၁၂။ခရီးသွားတဲ့အခါ လက်ဝတ်လက်စား၊ အဆင်တန်ဆာတွေ ထည့်ယူသွားနိုင်တဲ့ အကန်ု့တွေပါတဲ့ အိတ်ထဲကိုလည်း ခုလို အလှကုန်တွေ ထည့်သိမ်းနိုင်တာပဲ။
၁၃။အိမ်မှာရှိတဲ့ ဖန်ခွက်အဟောင်းတွေကိုလည်း ခုလိုဝါဂွမ်းအချောင်းလေး ထည့်ထားနိုင်ပါသေးတယ်။
၁၄။အိမ်မှာရှိတဲ့ ကွတ်ကီးဗူးအဟောင်းတွေ၊ သကြားလုံးဗူးတွေထဲကိုတော့ ခုလို လက်သည်းနီပုလင်းလေးတွေ ထည့်ထားနိုင်ပါတယ်။
၁၅။ကိုယ့်အိမ်မှာ ၀ိုင်ပုလင်းလေးတွေ ရှိတယ်ဆိုရင် ခုလို ခေါင်းစည်းကြိုးလေးတွကို ခုလိုအလှဆင်ထိန်းသိမ်းနိုင်သေးတယ်နော်။
Ref:cosmopolitan.com