ခုချိန်မှာ ဆင်ဆာနဲ့ ပတ်သက်ပြီး ရိုးသားစွာ ဖော်ထုတ်ပြသခွင့်တွေရှိလာပြီလို့ဆိုတဲ့ ခန့်စည်သူ

img_3089.jpg

သရုပ်ဆောင်လောကထဲမှာ ၀ါရင့်သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာတာ ကြာပြီဖြစ်တဲ့ အကယ်ဒမီခန့်စည်သူကို သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေအပြင် ရုပ်ရှင်လောကအကြောင်း သိချင်တာလေးတွေကို မေးဖြစ်ခဲ့တဲ့အခါ “လတ်တလောမှာ Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။ အခုရိုက်နေတဲ့ ဇာတ်ကားလေးက ယတြာ ပါ။ ဒါရိုက်တာညိုမင်းလွင်ရိုက်ပြီး မင်းသမီးကတော့ ခင်ဝင့်ဝါနဲ့ ရိုက်နေပါတယ်။ အစ်ကို နောက်ပိုင်းမှာ ဟာသကားတွေ ရိုက်ဖြစ်တာကလည်း ဗီဒီယိုဈေးကွက်အရရော၊ ခေတ်ရဲ့ ရေစီးကြောင်းအရ ရိုက်ရတာပါ။ အစ်ကို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဒီနှစ်မှာ ရုံတင်ဖြစ်၊ မတင်ဖြစ်ကတော့ အစ်ကိုလည်း မပြောတတ်ပါဘူး။ ရုပ်ရှင်ကားကြီးတွေ ရိုက်ထားတာတော့ ရှိတာပဲ။ လောလောဆယ် အဲဒီ့ ရုပ်ရှင်ကားကြီးတွေဘက် မလှည့်နိုင်ဘူး ဖြစ်နေလို့ပါ။ သူတို့နဲ့လည်း အချိတ်အဆက် မမိဘူး ဖြစ်နေတယ်လေ။ လောလောဆယ်မှာတော့ Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ပဲ ဇာတ်ကားတွေရိုက်ဖြစ်နေတာများပါတယ်။ ရုပ်ရှင်အစည်းရုံးအနေနဲ့ လက်ရှိမှာ ပြောင်းလဲတိုးတက်သင့်တာတွေကို ပြောင်းလဲဖို့အတွက် ကြိုးစားနေတယ်ဆိုပေမယ့် တကယ့်တကယ်မှာ ဖြစ်လာဖို့၊ တိုးတက်လာဖို့ဆိုတာ ဝေလာဝေး၊ အဝေးကြီးပါ။ မြန်မာနိုင်ငံရဲ့ ခေတ်မီတိုးတက်ပြောင်းလဲဖို့ ဆိုတာ ရုပ်ရှင်လောက တစ်ခုတည်းမကပါဘူး။ တစ်ခြား အဘက်ဘက်မှာပါ အရပ်ရပ်က ကျဆုံးနေပါသေးတယ်။ ဒါပေမယ့် အစ်ကိုတို့အနေနဲ့ ရုပ်ရှင်လောကကြီး တိုးတက်လာဖို့ အပြောင်းအလဲလေး တစ်ခုဖြစ်ဖို့ အတွက်တော့ လုပ်နေပါတယ်။ ကြိုးစားကြည့်နေပါတယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ပြောထားတာတွေတော့ ရှိပါတယ်။ လောလောဆယ် တော့ မသေချာသေးဘူးဆိုတော့ ပြောလို့မရသေးပါဘူး။ အခုလက်ရှိ ရုပ်ရှင်အစည်းအရုံးရဲ့ချမှတ်ပေးထားတဲ့ ဆင်ဆာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အစ်ကို့ရဲ့အမြင်တော့ ဆင်ဆာနဲ့ပတ်သက်ပြီး တော်တော်လွတ်လပ်နေပါပြီ။ ရိုးသားစွာ ဖော်ထုတ်ပြသခွင့်တွေရှိလာပါပြီလို့ ဖွင့်ဟခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.