ဂျစ်ပစီ စပါကလင်

10373780_680226612042986_1577582258252160392_n.jpg

ဖက်ကြမ်း ဟာ  ဒီဘက်မှာ ရန်များတယ် ကြမ်းကြမ်းတမ်း မဖက်ရ

ဟန်းဆက်ဆိုတာ သီချင်းနားထောင်ဖို့

ကျွန်တော့် ယင်းတွေ မက်ဆေ့ ဘောက်စ်ထဲ

ထ တယ်

ခေါင်းလျှော်လည်းမပျောက်ဘူး … တရော်ကင်ပွန်းတွေ မစစ်တော့တာသိပါတယ်

ဒါပေမဲ့ နောက်ဆုံး ဘူတာ ကို ဘာ ရထား ဖြတ်လေ့မရှိ

တိုက်တန်းနစ် ကမ်းကပ်လာမယ် လို့ သတင်းအမှားရထား

မျှော်နေတဲ့ သင်္ဃန်းကျွန်း ဆိပ်ကမ်းလေး ဟာ ကျွန်တော်ပေါ့

စောင်မရှိတဲ့အရပ်ပါ အမေရယ် ဗိုက်ထဲက ဇစ်ဆွဲဖွင့်သံတွေ ထွက်ထွက်လာ

မှတ်ဆိုလို့ လိုက်မှတ်ရ ပြဌာန်းစာအုပ် ဂျိုကာပုံ တွေနဲ့ တဟီးဟီးတဟားဟား

ပျော်ရွှင်မှု က အိမ်မှားလေ့မရှိ ကျွန်တော်လား

လမ်း ပေါ်မှာ က+ျ + က +  -ွ +   -ဲ   လို့

စက်ဘီးလေး လို ခရေပွင့်မ သိတတ်ရင် ကောင်းမယ်

ညတိုင်း တော့ ဆေးစစ်မခံချင်ဘူး ဖေချောရာ

နိမိတ်ပုံ ကို မလွတ်မလပ်သွယ်ဝိုက်သုံးတဲ့ နန်းကြိုး လို့

အော် တဲ့ ကောင် က အော်

ဟန်ဆိုတာ အရေခွံလဲသလောက် မလွယ်မှန်း ကျွန်တော်သိပါတယ်

မျက်လုံးတွေ ကို ကွင်းစ ကွင်းပိတ် မတပ်သင့်ဘူး

ဟွန်းသံတွေ ကိုမျက်စိ နောက်တတ်လာတယ် နားစည်ထဲ တအူအူတွေ

လျှောာာာာာာာာာာာာ တိုက်က်က်က်က်က်

ကျွန်တော့် ကို မီးတစ်တို့လောက် “မ“ ပါ … နောင်ကြီး

ယက်ဖ်တူရှင်ကို မှန်းမသိလို့ ဆောရီး

လက်ခနဲလင်းလာတဲ့ ကင်မရာ မျက်ခွံ 

“ နာမည်ကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ရင် နာမည်ကြီးမယ်“ ကို

ယတြာအဖြစ် ချေ/ခြေ ကြ

နွားနို့ပို့တဲ့ ကုလားကြီးပေါ့ ကတ္တရာကို ရေရောနေတယ်

လူမြင်ကွင်းကြီး က ဘာသိဘာသာ

အများသုံးကား နဲ့ အများသုံးဈေးနဲ့

အော်ကြီးဟစ်ကျယ် နေ့တိုင်း(လိုလို) ရန်ဖြစ်လို့

“ကုဒ်နံပါတ်အဟောင်းတွေ“ စွပ်ပြုတ်လုပ်သောက်

ပြီး ပြောင်း

ပြီး ခိုးရိုက်

ကျွန်တော့်  အသား ကျွန်တော် ကုတ်ခြစ်

ပြောရင်းဆိုရင်း “ယင်း“ က ထလာပြန်တယ်

ည ဖက်ပါ ကျွန်တော့် ကို ကြမ်းကြမ်း ။ ။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.