ချယ်လ်ဆီးအသင်းမှ စာချုပ်အသစ် မကမ်းလှမ်းပါက ကစားသမားဘ၀မှ အနားယူဖို့ ဖြစ်နိုင်ကြောင်း ဖရန့်  လမ်းပတ် ထုတ်ဖော်ပြောကြား

frank_lampard-368984.jpg

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖရန့် လမ်းပတ်ဟာ စတန်းဖို့ ဘရစ်ခ်ျက စာချုပ်အသစ်ကမ်းလှမ်းမှုမရှိဘူးဆိုရင် ကစားသမားဘ၀ကနေ အနားယူဖို့ ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အခုအချိန်ထိ လမ်းပတ်ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းမရှိသေးပါဘူး။

ချယ်လ်ဆီးအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင်တစ်ဦးလည်းဖြစ်တဲ့ လမ်းပတ်က

“ နောက်ရာသီ ကျွန်တော် ချယ်လ်ဆီးမှာရှိမလားဆိုတာ မသိသေးပါဘူး။ ကျွန်တော် နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ဆက်ကစားချင်ပါသေးတယ်။ ဒါပေမယ့် ဒီလို ခြေကောင်းချိန်မှာ အနားယူလိုက်တာကလည်းက ကောင်းမှာပါ” လို့ Red magazine ကို ပြောကြားခဲ့ပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ခု၊ အက်ဖ်အေချန်ပီယံ လေးကြိမ်၊ လိဂ်ဖလား နှစ်လုံး၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ်ဆု ရရှိခဲ့ပါတယ်။

Ref: skysports.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.