အယ်ဘမ်အသစ် World On Fire နဲ့ UK ဖျော်ဖြေရေးခရီးစဉ်ကို Slash ကြေငြာ

slash.jpg

Slash နဲ့ သူ့ တီးဝိုင်းအဖော်တွေဖြစ်တဲ့ Myles Kennedy နဲ့ The Conspirators တို့ ဟာ အယ်ဘမ်အသစ် တစ်ခုဖြစ်တဲ့  World On Fire ကို စက်တင်ဘာ ၁၅ ရက်နေ့ မှာ ဖြန့် ချိမှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

သူတို့ ဟာ နိုဝင်ဘာလမှာလည်း ဗြိတိန်ဖျော်ဖြေရေးခရီးစဉ်ကို မန်ချက်စတာမြို့ ကနေ စတင်ပြီး လန်ဒန်၊ ဘာမင်ဂမ်၊ လိဒ်စ် နဲ့ မန်ချက်စတာ ကနေ တဆင့် ဂလက်စ်ဂိုမြို့ မှာ အဆုံးသတ်မှာဖြစ်တယ်လို့  တစ်လက်စတည်း ကြေငြာခဲ့ပါတယ်။

Hard Rock တီးဝိုင်း Guns N Roses ရဲ့ ဂီတာသမားဟောင်း Slash ဟာ သူ့ ရဲ့ ပထမဆုံးအယ်ဘမ်ကို ၂၀၁၀ ခုနှစ်မှာ Guns N Roses အဖွဲ့ သားလေးဦးနဲ့ ဖြန့် ချိခဲ့ပါတယ်။

Slash နဲ့ သူ့ တီးဝိုင်းဟာ Aerosmith ရဲ့ ဂျုလိုင်မှာပြုလုပ်မယ့် မြောက်အမေရိကဖျော်ဖြေရေးခရီးစဉ်မှာလည်း ပွဲထွက်သွားဖို့ ရှိတယ်လို့ Slash က တွစ်တာကနေတဆင့် ပြောကြားခဲ့ပါသေးတယ်။

Rolling Stone ကို Slash က Aerosmith ရဲ့ Rocks အယ်ဘမ်ကို ဆယ်ကျော်သက်ဘ၀မှာ စကြားပြီးနောက် ဂီတာသမားအဖြစ်ခံယူခဲ့တဲ့ သူ့ ရဲ့လမ်းကြောင်းမှာ Aerosmith ဟာ အဓိကလွှမ်းမိုးမှုတစ်ခု ဖြစ်ခဲ့တယ်လို့  ပြောကြားခဲ့ပါတယ်။

Slash ရဲ့ အယ်ဘမ်အသစ် World On Fire မှာ သီချင်းအသစ် ၁၇ ပုဒ်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: bbc.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.