အက်တမ်တွေကို သုံးမီတာအကွာအဝေးကို ရွှေ့ ပြောင်းမှုအောင်မြင်ပြီးနောက် လူသား Teleportation နည်းပညာ ဖြစ်နိုင်ဖို့ ရှိကြောင်း သိပ္ပံပညာရှင်တွေပြောကြား

star-trek-tng.jpg

Teleportation နည်းပညာဆိုတာ ရုပ်အကောင်အထည် ဒါမှမဟုတ် စွမ်းအင်တစ်ခုကို တစ်နေရာမှာ ပြိုကွဲ စေပြီး တစ်ခြားနေရာမှာ ပြန်ဖွဲ့ စည်းဖြစ်ပေါ်ခြင်းဖြင့် ရွှေ့ ပြောင်းသယ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီနည်းပညာဟာ လူတွေအသုံးပြုဖို့ လက်တွေ့ တကယ်ဖြစ်လာနိုင်ဖို့ ရှိကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

ရူပဗေဒနဲ့ ဘယ်နိယာမကမှ လူအပါအ၀င် အရာဝတ္ထုပစ္စည်းအကြီးစားတွေ ကို teleportation လုပ်နိုင်ဖို့  အတွက် တားဆီးထားခြင်းမရှိဘူးလို့  သိပ္ပံပညာရှင်တွေက ဆိုခဲ့ပါတယ်။

သူတို့ ဟာ တကယ်တမ်းလည်း အက်တမ်တစ်ခုကို သုံးမီတာအကွာအဝေးသို့ ၁၀၀ ရာခိုင်နှုန်း အတိအကျ အပျက်အစီးမရှိ ကူးပြောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

“ ကျွန်တော်တို့ ရဲ့ ခန္ဓာကိုယ် ဟာ အက်တမ်တွေ တိကျတဲ့နည်းလမ်းတစ်ခုခုနဲ့ ပေါင်းစည်းထားတာထက် ဘာမှ မပိုဘူးဆိုတာ ခင်ဗျားယုံလို့ ရှိရင် ယုတ္တိအားဖြင့် ကျွန်တော်တို့ ရဲ့ ခန္ဓာကိုယ်ကိုလည်း တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်” လို့ ဒီ လေ့လာမှုကို ဦးဆောင်ခဲ့သူ နယ်သာလန် နိုင်ငံ Delft နည်းပညာတက္ကသိုလ်က ပရော်ဖက်ဆာ Hanson က ပြောကြားခဲ့ပါတယ်။

ပရော်ဖက်ဆာ Hanson ရဲ့ အဖွဲ့ ဟာ သတင်းအချက်အလက်တွေထည့်သွင်းထားတဲ့ အက်တမ်အမှုန်ခွဲလေး တွေကို သုံးမီတာအကွာအဝေးသို့ ၁၀၀ ရာခိုင်နှုန်း အမှားအယွင်းမရှိ teleport လုပ်မှု ဖြစ်နိုင်တယ်ဆိုတာ ပထမဆုံး ပြသနိုင်ခဲ့ပါတယ်။

ဒီပြသမှုဟာ ယခုခေတ်စူပါကွန်ပြူတာတွေထက် အဆပေါင်းများစွာသာပြီး ပိုမိုမြန်ဆန်တဲ့ ကွမ်တမ်ကွန်ပြုတာ တွေအကြား အင်တာနက်ကဲ့သို့ ကွန်ရက်တစ်ခု ဖြစ်လာဖို့ အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီ လေ့လာမှုကို အွန်လိုင်းထုတ်ဂျာနယ်ဖြစ်တဲ့ Science ရဲ့ နောက်ဆုံးအတွဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

‘ ဒီကွမ်တမ်သယ်ယူပို့ ဆောင်နည်းဟာ သတင်းအချက်အလက်တစ်ခုကို တခြားဘက်သို့ ပို့ ဆောင်လိုက်ခြင်း ဖြစ်ပြီး ဒီအချက်အလက်ကို ဘယ်သူကမှ ကြားဝင်နှောင့်ယှက်ဖို့ မဖြစ်နိုင်ပါဘူး။ နည်းစနစ်ကျကျပြောရရင် ဒါဟာ ၁၀၀ ရာခိုင်နှုန်းလုံခြုံစိတ်ချမှုရှိပါတယ်။”

ဒီထက်ပိုမို ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုကို ဂျူလိုင်လ ၁ရက်နေ့ မှာပြုလုပ်ဖို့ စီစဉ်ထားပြီး ဒီတစ်ခါမှာတော့ အချက်အလက်တွေကို တက္ကသိုလ်ကျောင်းဝင်းအတွင်းက တစ်ခုနဲ့ တစ်ခု မီတာ ၁၃၀၀ ခြားတဲ့ အဆောက်အဦးနှစ်ခုကြား သယ်ဆောင်မှာ ဖြစ်ပါတယ်။

Ref: Dailymail.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.