ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်နေရပြီဖြစ်တဲ့ သွန်းဆက်

601659_626972667330116_1136686159_n.jpg

၂၀၁၀အကယ်ဒမီဗန်းကိုင်ကနေတစ်ဆင့် အနုပညာရုပ်ရှင်၊ ဗီဒီယိုလောကထဲသို့ ဝင်ရောက်ပြီး သရုပ်ဆောင်ခွင့် ရလာခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင်သွန်းဆက်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “သွန်းဆက် လတ်တလောမှာတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ တီဗီကြော်ငြာတွေ ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ အခု ကိုလူမင်းနဲ့ ဗီဒီယိုဇာတ်ကား တစ်ကားရိုက်နေပါတယ်။ ဒီဇာတ်ကားလေးက ကားဟောင်းလေးပါ။ ဟိုးအရင်တုန်းက ဦးကျော်ဟိန်းနဲ့ မထက်ထက်မိုးဦး တို့ ရိုက်ခဲ့တဲ့ကားပါ။ အခု ကိုလူမင်းနဲ့ သွန်းဆက်တို့ ပြန်ပြီးရိုက်တာပေါ့။ ဇာတ်ကားနာမည်ကို ပထွေးလို့ပေးထားတယ်။ အရင်က ဇာတ်လမ်းအတိုင်း အတူတူပဲဖြစ်မလား။ ဇာတ်လမ်းပုံစံနည်းနည်း ပြန်ပြောင်းထားလား ဆိုတာကိုတော့ သွန်းဆက်လည်း မသိပါဘူး။ ဒီပထွေး ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

သွန်းဆက် ခေါင်းဆောင်မင်းသမီး နေရာက ရိုက်တာတော့ ဇာတ်ကားနှစ်ကားရှိပြီ။ ဘောကွဲဇာတ်ကားက အရင်ဆုံး ခေါင်းဆောင်မင်းသမီးနေရာက စရိုက်ခဲ့တဲ့ကားလေးပါ။ ပြီးတော့ ကိုအောင်ရဲလင်းနဲ့ တစ်ကား ရိုက်ထားသေးတယ်။ ကိုလူမင်းနဲ့ ရိုက်ထားတဲ့ ဘောကွဲဇာတ်ကားကတော့ ထွက်တော့မယ် ထင်တယ်။ အဲဒီဇာတ်ကားလေးကိုတော့ သွန်းဆက်သဘောကျတယ်။ ကာရိုက်တာ ရွေးချယ်မှု အပိုင်းကျတော့ ဘယ်လိုကာရိုက်တာ ဇာတ်ရုပ်မျိုးမဆို စုံအောင်လို့ရိုက်ကြည့်ချင်ပါတယ်။ ခုချိန်မှာ ကိုယ်က ဘယ်လိုဇာတ်ရုပ်မျိုး ရိုက်ရမှဆိုပြီး မဆုံးဖြတ်ရဲသေးပါဘူး။ ကိုယ့်အတွက်နေရာရမယ့် ဇာတ်ရုပ်မျိုးနဲ့ ခေါင်းဆောင်မင်းသမီး နေရာဆိုရင်တော့ ဘယ်လိုဇာတ်ရုပ်မျိုးပဲ ဖြစ်ဖြစ် လက်ခံရိုက်ကူးသွားမှာပါ။ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားတွေထွက်လာလို့ ပြန်ကြည့်တိုင်း ကိုယ့်ကိုကိုယ် လိုအပ်မှု ရှိနေသေးတယ်လို့ ခံစားရပါတယ်။ အခုမှ သွန်းဆက်တို့က အသစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် အသစ်ဆိုပေမယ့် ကိုယ်လုပ်ရမယ့် ကာရိုက်တာအပေါ်မှာ အကောင်းဆုံး ဖြစ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင်ခဲ့တယ်။ ကိုယ့်ကိုကိုယ်လည်း  ကြိုးစားဖို့အများကြီး လိုသေးတယ်လို့ ထင်တယ်။ အနုပညာလမ်း ခရီးမှာ ရှေ့ဆက်လျှောက်ရဦးမှာပါ။ အဲဒီ့အတွက် ပရိသတ်ရဲ့အားပေးမှုတွေ အများကြီးလိုအပ်ပါတယ်။ ပရိသတ်အားပေးမှ သွန်းဆက် ဆိုတာ ဖြစ်လာမှာပါ”လို့ သူမက ဆိုပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.