စတုတ္ထခွေ မှာ ကော်ပီမဟုတ်တဲ့ own tune တွေကြီးပါမယ်လို့ ပြောလာတဲ့ Rဇာနည်

1526608_589566027782170_348539619_n.jpg

လတ်တလောမှာ စတုတ္ထခွေ အတွက် ပြင်ဆင်နေပြီလို့ပြောလာတဲ့ အာဇာနည်က သူ့ရဲ့လေးခွေမြောက်မှာ own tune တွေကြီးပဲ လို့ ပြောလာတာကြောင့် ပွဲတစ်ခုမှာ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာက “ခုလတ်တလောက သီချင်းတွေ လိုက်ဆိုဖြစ်နေတယ်။ စတုတ္ထခွေ လုပ်နေတယ်။ တခြား ထွေထွေထူးထူးတော့မပါဘူး။ အခွေက ထူးခြားတာက ကော်ပီတော့မဟုတ်ဘူး။ ဒါလေးပါပဲ။ ကျန်တာကတော့ အရင်တိုင်းပါပဲ။ ပြောင်းလဲမှာတော့ မဟုတ်ဘူး။ တေးရေးတွေက ကေအေတီ ၊ စောခူဆဲ၊ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ လင်းလင်း၊ ဖိုးကာ၊ Rခိုင်၊ ရေမွန်၊ အောင်ကိုမြင့်၊ အစ်ကိုလဲရေးထားတယ်။ title ကတော့မပေးရသေးဘူး။ ဒီ၂၀၁၄ ထဲထွက်ဖို့တော့ လုပ်နေတယ်။ own tune တွေကြီးပဲ လုပ်ဖြစ်တာက ဂီတရေစီးကြောင်းတစ်ခုအရပေါ့။ အမှတ်တရလဲဖြစ်အောင်၊ ကိုယ်လျှောက်လှမ်းခဲ့တဲ့ ဂီတလမ်းကြောင်းမှာ ထွက်သင့်တယ်ထင်လို့ ဒီအခွေလေးကို လုပ်ဖြစ်ခဲ့တာပေါ့။ သီချင်းက ထပ်ရေးခိုင်းထားတာတွေလဲ ရှိသေးတယ်။ ထည့်မဲ့ အပုဒ်ရေက အတိအကျတော့ ပြောလို့မရသေးဘူး။ ခုလက်ရှိကတော့ ၉ပုဒ်ပြီးသွားပြီ။”လို့ သူက ပြောပါတယ်။

 ပုဒ်မ ၄၃၆နဲ့ပတ်သတ်ပြီး တော့လဲ သူက “ကိုယ်လဲသွားထိုးပြီးသွားပြီ။ ထိုးသင့်တယ်ထင်လို့ထိုးပြီးသွားပါပြီ။ အနုပ ညာရှင်တွေက နိုင်ငံရေးကို စိတ်ပါတာထက်စာရင် ကိုယ်ထင်တာကိုပြောမယ်ဆိုရင် ပြည်သူလူထုအတွက် အနုပညာရှင်တွေက တစ်တပ်တစ်အား ပါဝင်တဲ့ သဘောပါ။ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ပုဒ်မ ၄၃၆နဲ့ပတ်သတ်ပြီးတော့လဲ ကိုယ်တိုင်ပါဝင်သွားဖို့ ရှိပါတယ်။”တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.