တအားကြီးပြင်ဆင်ချယ်သရတာ မျိုးကိုမနှစ်သက်တဲ့ ပျိုမေမဒီလေးများအတွက် သာမာန် ထသွားထလာမျိုးပဲဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တက်ရာမှာပဲဖြစ်ဖြစ် အဆင်ပြေပြီး ပန်းသွေးရောင်ချယ် လှပစေမဲ့ မိတ်ကပ်လိမ်း ချယ်နည်း လေးကို တင်ဆက်ပေးလိုက်ပါတယ်။
၁။ ပထမအဆင့်အနေနဲ့ အောက်ခံမိတ်ကပ်ကို Bobbi Brown လိမ်းပေးပြီး BSC ပေါင်ဒါ ရိုက်တယ် ပြီးတော့ BSC 2waycake ပါးပါးလေးပွတ်လိမ်းပေးပါတယ်။
၂။ မျက်ခုံးမွေးဆွဲတယ်၊ shadow ကပန်းရောင်ဖျော့ဖျော့ လေးသုံးပေးထားတယ်။ ပန်းရောင်အပေါ်မှာ အပြာရင့်ရင့်လေးကို ထောင့်နားလေးမှာ လိမ်းပေးထားတယ်၊ ပြီးတော့အိုင်းလိုင်နာ ဆွဲပေးထားတယ်၊ မျက်တောင်လေးတွေပိုကော့ သွားအောင် Maccara ကော့တယ်၊ အဲဒီအပေါ်မှာမှ မျက်တောင်လေးပိုဝင့်သွားအောင် ဆိုပြီးမျက်တောင်အတုတပ်ပေး ထားပါ တယ်။
၃။ နှာခေါင်းအလှပိုမိုပေါ်လွင် သွားအောင်ဆိုပြီး နှာတံလေးဆွဲပေးထားပါတယ်။
၎။ပါးနီလေးကို တော့ပေါ့ပေါ့ပါးပါးပုံစံ ဖြစ်အောင် ပန်းရောင်လေးချယ်ပေးထားပါတယ်။
၅။ နှုတ်ခမ်းနီကိုလဲ လိုက်ဖက်မှုရှိအောင် ပန်းရောင်လေးပဲဆိုးပေးထားပါတယ်။
ဆံပင်လေးကိုတော့ ထသွားထလာဖြစ်ဖြစ်၊ ပွဲလမ်းသဘင် သွားတာပဲ ဖြစ်ဖြစ် မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်လှတဲ့အပြင်၊ အနောက်တိုင်း ၀တ်စုံနဲ့လဲ လိုက်ဖက်မှုရှိလှတဲ့ ကျစ်ဆံမြီးရိုးရိုးလေးပဲ ကျစ်ပေးထားပြီး ရှိတ်ကလေးတွေကို အခွေမဟုတ်ပဲ wave ပုံစံမျိုးဖြစ်အောင် အပူချောင်းနဲ့ ပုံသွင်းပေးထားပါတယ်။