အနုပညာလောကမှာ လျှောက်လှမ်းလာတာ ၁၆နှစ်ရှိသွားဖြစ်တဲ့ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်တစ်ယောက် အိမ်ထောင်ပြုတော့မယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “အစ်မရဲ့ အိမ်ထောင်ဖက်ဖြစ်တဲ့ အမျိုးသားနာည်က ဗိုလ်ကြီးအောင်မျိုးသူလို့ခေါ်ပါတယ်။ သူက စစ်ဆေးဆရာဝန်၊ ရောဂါဗေဒပါရဂူ တစ်ယောက်ပါ။ ကြိုက်တာကတော့ တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်နှစ်အကြာကြီး တွဲခဲ့ကြသလိုမျိုး ခံစားရပါတယ်။ သူက စိတ်ထားတော်တော်ကောင်းပါတယ်။ နှစ်ဘက်စလုံးက အသက်အရွယ်အရရော၊ ပညာအရည်အချင်းအရရော ပြည့်စုံကြပြီဆိုတော့ အချိန်မဆွဲတော့ပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ဘာက အရေးကြီးဆုံးဆိုတာကိုတော့ အိမ်ထောင်တစ်ခုမှာ မေတ္တာတရားကို အခြေခံပြီးတော့ နားလည်မှုရှိဖို့ကအရေးကြီးဆုံးပါပဲ။ သူကတော့ အစ်မလို မင်းသမီးတစ်ယောက်ကို ယူရတဲ့အတွက် အများကြီး နားလည်ပေးပါတယ်။ ကိုယ့်ထက်ငယ်ပေမယ့် နားလည်မှုက ကိုယ့်ထက်တောင် ကြီးမားပါသေးတယ်။ အစ်မတို့ရဲ့ မင်္ဂလာဝတ်စုံကို ခင်စန်းဝင်း၊ ဓာတ်ပုံ၊ ဗီဒီယို ကိုမိုးကိုဦး၊ Aroma၊ Tri Star တို့က စပွန်ဆာပေးထားပါတယ်။ မေလ၃၀ရက်နေ့ Sedona မှာ မင်္ဂလာဆောင်မှာပါ။ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာပါ။ ပရိသတ်ကြီးကိုပြောချင်တာက အိမ်ထောင်ရေးဘက်မှာလည်း လစ်ဟင်းမှု၊ ထိခိုက်မှု မရှိအောင် နေသွားမယ်။ အနုပညာအလုပ်တွေကိုလည်း မလျော့အောင် ကြိုးစားသွားမယ်။ ပြီးတော့ တစ်ဖက်က စီးပွားရေးဖြစ်တဲ့ ရွှေပိုးဧကရီ ပိုးထည်တိုက်ကိုလည်း အရှိန်တိုးတက်အောင် ကြိုးစားသွားမယ်။ နောက်ထပ် ဆိုင်ခွဲဖွင့်ဖို့လည်း စီစဉ်နေပါတယ်။ ပြီးတော့ နောက်ထပ် စီးပွားရေးတစ်ခုအနေနဲ့ အစ်မ အမျိုးသားနဲ့ အစ်မအတူတူ ဆေးခန်းဖြစ်မလား၊ ဆေးရုံဖြစ်မလားတော့မသိသေးဘူး။ ဖွင့်ဖို့ကြိုးစားနေပါတယ်”လို့ သူမက ဆိုပါတယ်။
အိမ်ထောင်တစ်ခုမှာ မေတ္တာတရားကို အခြေခံထားတဲ့ နားလည်မှုက အရေးကြီးဆုံးပါပဲလို့ဆိုတဲ့ လှမျိုးသဉ္ဇာနွယ်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။