Lionsgate က ရိုက်ကူးမယ့် Harry Houdini အကြောင်း ရုပ်ရှင်ဇာတ်ကားမှာ Houdini အဖြစ် Johnny Depp ပါဝင်ဖို့ ရှိ

johnny-depp-harry-houdini.jpg

Lionsgate က ရိုက်ကူးမယ့် “The Secret Life of Houdini:The Making of America’s First Superhero” ရုပ်ရှင်ဇာတ်ကားမှာ Houdini အဖြစ် သရုပ်ဆောင်ဖို့ Johnny Depp နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားဟာ ၂၀၀၇ ခုနှစ်က William Kalush နဲ့ Larry Sloman ရေးသားခဲ့တဲ့ ပဉ္စလက်၊မျက်လှည့်၊ စတန့်  ဆရာ Harry Houdini အတ္ထုပတ္ထိကို အခြေခံထားတာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဟူဒီးနီ လူဆင်းရဲလေးဘ၀ကနေ ကမ္ဘာတစ်ခုလုံးကျော်ကြားလာတဲ့အထိ အသေးစိတ်အချက်အလက်တွေကို ရေးသား ထားသလို ဟူဒီးနီရဲ့ လှို့ ဝှက်ဘ၀ဇာတ်ကြောင်းတွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ ဟူဒီးနီဟာ ၁၉၂၆ ခုနှစ် ဟောလိုးဝင်းနေ့ မှာသေဆုံးခဲ့တာဖြစ်ပါတယ်။

Liongsgate ဟာ Johnny Depp ရဲ့ အက်ရှင်ဟာသဇာတ်ကား “Mortdecai” ကို ၂၀၁၅၊ ဖေဖော်ဝါရီလ ၆ ရက်မှာ ဖြန့် ချိသွားမယ်လို့ လည်း ရက်သတ်မှတ်ပေးခဲ့ပါတယ်။

Harry Houdini ဇာတ်ကားဟာ ဟူဒီးနီကို မျက်လှည့်၊စတန့် ဆရာတစ်ယောက်အနေနဲ့ သာ ရိုက်ကူးထားခြင်း မဟုတ်ဘဲ လှို့ ဝှက်သူလျှိုအဖြစ်ပါ ဟူဒီးနီ လှုပ်ရှားခဲ့ပုံတွေပါ ပါဝင်မယ်လို့ သိရပါတယ်။

Ref: Variety.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.