JAM It! က တင်ဆက်သွားမယ့် Punk Vs. Hip Hop အခမဲ့ရှိုး

10408649_666102050129586_4664802173646415091_n.jpg

Underground Band မြောက်များစွာရဲ့ လတ်ဆတ်တဲ့ဖန်တီးမှုတွေကို ဖျော်ဖြေရေးအသွင် ကူးပြောင်းပြီး လူငယ်တွေကြား ထိုးဖောက်ချပြလာခဲ့ပြီးဖြစ်တဲ့ JAM It! ရဲ့ လာမယ့်မေလ ၃၀ရက်နေ့ သောကြာနေ့မှာ ကျင်းပပြုလုပ်မယ့် Punk vs. Hip Hop အခမဲ့ဖျော်ဖြေပွဲအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီပွဲမှာ  KULTURESHOCK ၊ Y.A.K. ၊ NO U TURN ၊ ၀ါရီရူး ၊ HOOLIGAN ARMY နဲ့ ONE WAY တို့က ည ၇နာရီမှာ စတင် ဖျော်ဖြေပေးသွားမှာဖြစ်ပြီး အခြားသော ဧည့်သည်အနုပညာ ရှင်တွေရဲ့ ဖျော်ဖြေမှုကိုလည်း ခံစားရမှာပါ။ ထူးခြားတဲ့ တင်ဆက်မှုတစ်ခုအနေနဲ့  R.O.A.R and W CREW တို့ရဲ့ Graffiti ရေးဆွဲမှုတစ်ခုလည်း ပါဝင်ဦးမှာပါ။ ဒီအခမဲ့ဖျော်ဖြေပွဲကို ဒေါပုံမြို့နယ်၊ ပုသိမ်မြေ ရပ်ကွက်မှာ ရှိတဲ့  ဒေါပုံကစားကွင်း အနောက်ဘက်က ဂိုတောင်မှာ ကျင်းပပြုလုပ်သွားမှာပါ။ နေရာအတွက် ထပ်ပြီးတိကျအောင် ညွှန်းပေးရရင်တော့ သာကေတ တံတား အဆင်း ဘယ်ဘက်အခြမ်း၊ မြစ်ကမ်းဘေး သဲကွင်းမရောက်ခင်ဂိုထောင်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လွတ်လပ်ပြီးလတ်ဆတ်တဲ့ ဂီတတွေကို ခံစားနိုင်ဖို့ JAM It! ရှိုးကို လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.