ဂီတအလုပ်တွေအပြင် MRTV 4က ရိုက်မဲ့ Musical Drama ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဦးမယ့် ၀ိုင်းလေး

1378105_3550627342002_266770053_n.jpg

အိပ်မက်ဆုံရာ အစီအစဉ်မှ စတင်ကာ ဂီတလောကထဲ ၀င်ရောက်လာပြီး လက်ရှိမှာ တစ်ကိုယ်တော်ခွေအပြင် ဇာတ်လမ်းတွဲ တစ်ခုလဲရိုက်ဖို့ ရှိနေတာကြောင့် သူမရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးကြည့်တဲ့အခါ “သုံးယောက်ခွေ မထွက်ခင်ကတည်းက ဒီအခွေကိုလုပ်နေတာ။ အခုနောက်ပိုင်းကျတော့ သီချင်းက ၈ပုဒ် တီးပြီးသွားပြီ။ ဒါပေမဲ့ အဲဒီ၈ပုဒ်ထဲက အားမရလို့ ၀ိုင်းလေးက အသစ်ပြန်တီးနေတာဆိုတော့ အခု သီချင်း အပုဒ်၂၀ကျော်ကတည်းက ၇ပုဒ်တော့ ပြီးသွားပြီ။ မှန်းထားတာကတော့ သြဂုတ် ၈လပိုင်း ၃ ရက်နေ့မှာ ထွက်ဖို့စဉ်းစားထားတာ။ ဒါပေမဲ့ မိုးတွင်းရယ်၊ ပရိသတ် အခိုင်အမာ မရသေးတာကြောင့်ရယ်။ ရက်နောက်ဆုတ်ပြီး စက်တင်ဘာ၊ အောက်တိုဘာလောက်တော့ မှန်းထားတယ်။ အခွေထဲမှာက R&B dance လေးတွေပါမယ်။ popလေးတွေပါမယ်။ တေးရေးတွေက တော့ ဆရာမြင့်မိုးအောင်၊ ဆရာနောင်နောင်(ဆန်းဖလားဝါး)၊ ကိုပိ၊ စောဖြိုးဝေကျော်။ G3 က ကိုသားစိုးပါတယ်။ ၀ိုင်းလေးကိုယ်တိုင်လဲပါမယ်။ သီချင်းက တစ်ကိုယ်တော်ဆိုတော့ ကိုယ့်စိတ်ကြိုက်ပေါ့။ အသည်းကွဲ သီချင်းတွေလဲပါမယ်။ အချစ်သီချင်းလေးတွေလဲ ပါမယ်။ ဘ၀အကြောင်းလေးတွေလဲပါမယ်။ နောက်ထူးခြားတာက ၀ိုင်းလေးရေးထားတဲ့ အဖေ့မေတ္တာအကြောင်း ရေးထားတဲ့ သီချင်းပေါ့။ အများကတော့ အမေအတွက် ရေးတာများတယ်။ ၀ိုင်းလေး ကိုယ်တိုင်ကတော့ အဖေ့မေတ္တာသီချင်းလေးကို ထည့်ထားတာပေါ့။”လို့ သူမက ပြောပါတယ်။

 သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက “MRTV 4 ကနေ musical drama ရိုက်ဖို့အတွက် အိပ်မက်ဆုံရာက ၁၀ယောက်ပါမယ်ပေါ့။ ၀ိုင်းလေး ၊ ဟန်ထူးဈာန်၊ နန့်ချစ်၊ အောင်မြင့်မြတ်၊ ထင်တိုင်း၊ ယမုံဝေဦးခင်၊ ရတနာဝိုင်း၊ နန်းထက်ထက်သူ၊ ထွန်းပြည့်အောင်တို့ပေါ့။ ၀ိုင်းလေးလဲ သိပ်မမှတ်မိလို့။ ရိုက်မှာက music အကြောင်းပေါ့။ သူငယ်ချင်းတွေ တစ်နေရာစီက လာပြီးတော့ ဂီတ၀ါသနာပါတဲ့အခါမှာ ပြိုင်ပွဲသွားပြိုင်ကြတယ်။ အခက်အခဲတွေ တွေ့ရတယ်ပေါ့။ အဲလိုပုံစံလေးလောက်ပဲ သိထားတယ်။ အတိအကျတော့ မသိသေးဘူး။ ရှေ့လ စရိုက်မယ်လို့တော့ ပြောထားတယ်။ သေချာတာက ၀ိုင်းလေးက အဆိုတော်ဖြစ်ချင်တာပါ။ သရုပ်ဆောင်ကတော့ အနုပညာတစ်ခုအနေနဲ့ ကြိုးစားသင့်တယ်ထင်လို့ရိုက်ဖို့ လက်ခံဖြစ်တာပါ”တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.