Lana Del Ray ရဲ့ သီချင်းအသစ် ‘ Shades of Cool’ ထွက်ရှိ

url.jpg

အမေရိကန်အဆိုတော်မလေး Lana Del Ray ရဲ့ မကြာခင်ထွက်ရှိမယ့် တတိယမြောက်စတူဒီယိုအယ်ဘမ် ‘Ultraviolence’ ထဲက ဒုတိယမြောက် သီချင်းသစ်တစ်ပုဒ် ‘Shades of Cool’ ကို မနေ့ က ထွက်ရှိခဲ့ပါတယ်။  ဒီသီချင်းကို Young and Beautiful နဲ့ Summertime Sadness သီချင်းတို့ ကို Lana Del Rey နဲ့  အတူရေးသားပေးခဲ့သူ Rick Nowels က ပူးပေါင်းရေးသားထားတယ်လို့ ဆိုပါတယ်။

သူမရဲ့ တတိယမြောက် အယ်ဘမ် ‘Ultraviolence’ ကို ဗြိတိန်မှာ ဂျွန်လ ၁၆ ရက်နေ့ မှာ စတင်ဖြန့် ချိမှာ ဖြစ်ပါတယ်။ ဒီအယ်ဘမ်ကို စီစဉ်ထုတ်ဝေသူကတော့ The Black Keys ရဲ့ ဂီတာသမား Dan Auerbach ပါ။

Lana Del Ray ဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Kanye နဲ့ Kim တို့ ရဲ့ မင်္ဂလာဆောင်မှာလည်း တက်ရောက် ဖျော်ဖြေသီဆိုခဲ့ပါသေးတယ်။

Lana Del Ray ရဲ့ သီချင်းအသစ် ‘Shades of Cool’ ကို အောက်ပါ Youtube link မှာ သွားရောက်နားဆင် နိုင်ပါတယ်။

Ref: nme.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.