Fast & Furious ဇာတ်လမ်းတွဲတွေရဲ့ အဓိကမင်းသား Paul Walker ကွယ်လွန်ပြီးနောက် Fast & Furious 7 ဇာတ်ကားကို အပြီးသတ်ရိုက်မယ့် Universal ရဲ့ အစီအစဉ်အသေးစိတ် ထွက်ပေါ်လာပါပြီ။ ဆုတံဆိပ်များစွာ ရရှိထားတဲ့ ဒီဇိုင်းစတူဒီယို WETA ဟာ Paul Walker ရဲ့ ကျန်ရှိနေတဲ့ဇာတ်ဝင်ခန်းတွေကို အပြီးသတ်ဖို့ အတွက် မျက်နှာအစားထိုးနည်းပညာနဲ့ ကူညီသွားမှာဖြစ်တယ်လို့ သိရပါတယ်။
WETA ဟာ ကင်မရာသုံးလုံးကိုအသုံးပြုပြီး Paul နေရာအစားထိုးသရုပ်ဆောင်ပေးမယ့် Paul Walker ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ Cody နဲ့ Caleb Walker တို့  ရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေကို ရိုက်ကူးပြီး မျက်နှာအစားထိုးမှုနည်းပညာနဲ့ ပြုလုပ်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါဟာ ကုန်ကျစရိတ်သက်သာမယ့်အစီအစဉ်တစ်ခုမဟုတ်ဘူးဆိုတာတော့ ပြောစရာမလိုတော့ပါဘူး။ အခုတင် ဒီရုပ်ရှင်ကားရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း ၂၅၀ ၀န်းကျင်ရှိနေပါပြီ။
သတင်းအေဂျင်စီ WAM ရဲ့အဆိုအရ Fast & Furious 7 ဟာ UAE မှာ ရိုက်ကူးမှုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ယူအေအီးမြို့ တော် အဘူဒါဘီ ရဲ့ အမ်းမရိတ်နန်းတော် အပါအ၀င် အထင်ကရနေရာတွေမှာ ရိုက်ကူးထားခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၀ အရွယ် ဟောလီးဝုဒ်မင်းသား Paul Walker ရဲ့ ကားမတော်တဆမှုမှာ သေဆုံးခဲ့မှုဟာ အခုဆို ခြောက်လနီးပါးရှိပြီဖြစ်ပါတယ်။
Cody , Paul and Caleb Walker
Ref: emirates247.com